နေမကောင်းတဲ့ကြား ကားအစီး ၅၀ အထိ ရောင်းချပေးနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တစုစာ ပရိတ်သတ်တွေရင်ထဲကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးတဦးဖြစ်သလို အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါမှာလည်း အားလုံးရဲ့ ချစ်ခင်မှုကို အရင်အတိုင်း ပြန်လည်ရရှိခဲ့တဲ့ ထူးခြားတဲ့ လူချစ်လူခင်မှုကို ပိုင်ဆိုင်ထားသူပါ။

ယခုကိုဗစ်ကာလမှာတော့ မထက်ဟာ သိန်းထောင်နဲ့ချီတန် ကျောက်မျက်ရတနာ ကားနဲ့ အိမ်ခြံမြေတွေကိုပါ Online ကတဆင့် ရောင်းချပေးနိုင်ခဲ့တာဖြစ်ပါတယ် မထက်ဟာ ယနေ့ ရောင်းချခဲ့တဲ့ Live Sale မှာ ကားအစီးရေ ၅၀ အထိ ဝယ်ယူအားပေးကြလို့ ဝမ်းသာမိတဲ့အကြောင်း ပရိသတ်ကို အသိပေးလာခဲ့တာပါ

“ဒီနေ့လေ အရမ်းပျော်တာပဲ မနက်က ထက် ဆေးစစ်ပြီး အလုပ်နေရာကိုသွားရတာ စိတ်ထဲမှာတော့ ငါအဆင်ပြေပါ့မလားဆိုတဲ့ စိတ်နဲ့ သွားရတာ။ ဒါပေမယ့်လည်း အားလုံးအဆင်ပြေအောင် ကြိုးစားခဲ့တယ်။

မိနစ် ၃၀ အတွင်းမှာတင် ကား ၁၅ စီးရောင်းရပြီး နောက်ဆုံးစာရင်းချုပ်မှာ ကားအစီး ၅၀ တောင် ရောင်းရတော့ နေမကောင်းတဲ့စိတ်တောင် ဘယ်ရောက်သွားမြန်းမသိအောင် ပျော်ရွှင်ရတယ်။ တကယ် ဘယ်လိုမှ ထင်မှတ်ထားဘူး ဒီလောက်ထိရောင်းရမယ်လို့ ဝယ်ယူသူတွေကလည်း ထက်ကိုချစ်လို့ဝယ်တာ ထက်နဲ့ BAIC ကို ယုံကြည်လို့ ဝယ်တာဆိုပြီးပြောကြတော့ ပိုပိုပြီး ဝမ်းသာရတယ်။ ချစ်ရသူတွေအတွက် ထက်လည်း ဒီထက်အများကြီး ကြိုးစားနေဦးမှာပါ။ ” လို့ ရေးတင်ထားခဲ့တာပါ

မထက်ကတော့ နေမကောင်းတဲ့ကြားက Live Sale ပြုလုပ်ခဲ့ပေမယ့် ကားအစီး ၅၀ အထိရောင်းချပေးနိုင်ခဲ့လို့ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)