မျက်လုံးကတဆင့် ရောဂါ ကူးစက်ခံခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ ဇာတ်ပို့သရုပ်ဆောင်နေလင်း

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ အခုအချိန်မှာတော့ ကိုနေလင်းဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဒီလိုကူးစက်မှုဟာ မျက်လုံးကတဆင့် ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်


ကျွန်တော်ကိုဗစ်ဘယ်လိုကူးသွားလဲဆိုတဲ့ သံသယလေးက ကျွန်တော်သတိမထားမိခဲ့တာတစ်ခုက ဒီမျက်မှန်ပေါ့ မျက်မှန်ဆိုတော့ ကျွန်တော်တို့လို မျက်မှန်တပ်တဲ့သူတွေသတိပိုထားရမှာပေါ့ ဒီလိုလည်ပင်းမှာချိတ်ထားမယ် ကျန်တာတွေကတော့ အကာအကွယ်ရှိတယ်


သူ့မှာလည်း လေထုထဲကနေတဆင့် သူ့မှာအကာအကွယ်မရှိတဲ့အခါကျတော့ ရောဂါပိုးတွေစင်ရောက်နိုင်တယ် အဲ့ဒါကို ကျွန်တော်တို့က မသိဘူး မျက်မှန်ကျတော့ ကျွန်တော်တို့က အရက်ပြန်နဲ့ ဖြန်းတာမျိုးလည်း မရှိကြဘူးလေ


အဲ့တော့အမှတ်တမဲ့အနေနဲ့ ကျနော်ဖုန်းကြည့်ချင်တာတို့ ဂျာနယ်ဖတ်ချင်တာတို့ အဲ့လိုမျိုးရှိတဲ့အခါကျရင် မျက်မှန်ကို တပ်လိုက်တယ် အဲ့တော့အိမ်ထဲမှာ အနေများပြီးတော့ ဖြစ်သွားတဲ့ အကြောင်းတရားထဲမှာ ကျနော်တို့က အပြင်သွားတဲ့အခါမှာမျက်မှန်ကို ရင်ဘတ်မှာ ချိတ်သွားတတ်တာကြတော့ အဲ့ဒီမှာလာထိမယ် အဲ့ကတဆင့်ထုတ်တပ်လိုက်တော့ မျက်လုံးကတဆင့် ကူတာလို့ပဲ ကျွန်တော့စိတ်ထဲမှာ ခံစားရတယ်


မျက်မှန်သုံးတဲ့သူတွေကို ပြောတာ ကျွန်တော်တို့ ဖုန်းတွေဘာတွေလည်း သတိထားကြတာပဲ ပိုက်ဆံလည်း သတိထားဖြန်းကြတာပဲ မျက်မှန်ကို သတိထားပြီးမဖြန်းလိုက်တဲ့ အချိန်မှာ အဲ့ဒီကနေရောဂါကူးစက်ခံခဲ့ရတယ်လို့ပဲ မြင်ပါတယ်


ခုနောက်ပိုင်းဆိုရင် သူတို့ Mask တစ်ခုတည်းတင်မဟုတ်ပဲ Face Shield ကိုပါ တပ်ဖို့ Campaign တွေလုပ်လာကြတာ တွေ့ရတယ် မျက်လုံးက ကူးစက်နှုန်းကလည်း ရာခိုင်နှုန်းများတယ်ဆိုတော့လေ” သူကိုဗစ်ကူးစက်ခံခဲ့ရပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်


နေလင်းက သူ့အနေနဲ့ ကိုဗစ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေပုံကိုလည်း “ကျွန်တော်ကအရင်ကတည်းက ရောက်တဲ့နေရာမှာပျော်တတ်တယ်ဆိုတော့ ဒီလိုပဲနေတာပါပဲ ဒါကြီးကိုထိုင်စိတ်ညစ်နေရင်လည်း ဘာမှထူးခြားလာမှာမဟုတ်ဘူးလေ အဲ့တော့ ညစ်လည်းမညစ်ဘူး နဂိုကလည်း ပျော်ပျော်ပဲနေတတ်တယ် ဆိုတော့ ကျွန်တော့အတွက် AYA ကိုဗစ်စင်တာမှာနေရတာက အုပ်စုလိုက်ကြီး ပျော်ပွဲစားထွက်သွားသလိုပဲ


နယ်ပယ်အသီးသီးကလူတွေအကုန်လာနေကြတဲ့အခါကျတော့ အုပ်စုလိုက် ကြီး အလုပ်တွေဝိုင်းကူကြ စကားပြောကြနဲ့ စိတ်ဓာတ်ကျချိန်တောင် သိပ်မရှိဘူး အိမ်မှာဆိုရင်တောင် တစ်ယောက်တည်းဖြစ်နေလို့ စိတ်ဓာတ်ကျအုန်းမယ် အခုက အေးအေးစကားပြောလိုက်နားလိုက် ဝိုင်းကူလိုက်ပဲ TV ကြည့်မလား ကော်ဖီသောက်မလား မုန့်စားမလားအကုန်လုံးပြည့်စုံတယ် ” လို့ပြောပြခဲ့တာဖြစ်ပါတယ်


နေလင်းရဲ့ မိသားစုကို ကိုဗစ်စစ်ဆေးရာမှာတော့ အကိုဖြစ်သူတဦးသာ Positive ဖြစ်ခဲ့ပြီး အမေဖြစ်သူက Negative ဖြစ်ခဲ့လို့ အမေ့အတွက် ဝန်းသာမိတယ် လို့ ဆိုသွားခဲ့တာပါ ပရိသတ်ကြီးရေ ကိုနေလင်းတစ်ယော​က် အမြန်ဆုံး ပြန်ကျန်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)