တန်ဆောင်မုန်းလပြည့်နေ့မှာ သူမရဲ့ချစ်သူကို အတိအလင်း ချပြလာခဲ့ပြီဖြစ်တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ အနုပညာလောကမှာ လျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အေးမြတ်သူရဲ့အပြုံးလေးတွေကို ပရိသတ်တွေကအရမ်းသဘောကျလွန်းလို့ ဖြူစင်တဲ့အပြုံးပိုင်ရှင်လေးလို့ တင်စားထားကြတာဖြစ်ပါတယ်နော်။အေးမြတ်သူက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။



အေးမြတ်သူက စိတ်ထားလေးဖြူစင်ပြီး မာန်မာနမကြီးတတ်လို့ လူချစ်လူခင်ကလည်းပေါများနေတာဖြစ်ပါတယ်။အသက် (၃၅) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားကာ မကြာခင်နှစ်ပိုင်းအတွင်းမှာလည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။




ဒီကနေ့မှာတော့ အေးမြတ်သူက သူမရဲ့ ဘဝလက်တွဲဖော်ချစ်သူကို တိတိကျကျ အလင်းပြလိုက်ပြီဖြစ်ပြီး (၇) ရက်သားသမီး ပရိသတ်တွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်အေးချမ်းသာစွာ ကုသိုလ်ပြုနိုင်ဖို့ ဆုတောင်းပေးထားပါတယ်။



အေးမြတ်သူကတော့ သူမရဲ့ချစ်သူကို ချပြလာခဲ့ပြီပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ သတင်းကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်