ဦးမန်းဝင်း မဆုံးခင်က ဆန္ဒလေး တစ်ခုကို ပြောပြလာတဲ့ ဟေမာမန်းဝင်း

ဟေမာမန်းဝင်းကတော့ အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အောင်မြင်နေတဲ့မင်းသမီးလေးတစ်ယောက်ပါနော်။ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်



ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဟေမာမန်းဝင်းက ဦးမန်းဝင်း မဆုံးခင်က ဆန္ဒလေး တစ်ခုကို ပြောပြလာခဲ့တာဖြစ်ပါတယ် ဟေမာမန်းဝင်းက သူမပါဝင်သရုပ်ဆောင်ထားတဲ့ မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲကို ဦးမန်းဝင်းအနေနဲ့ ကြည့်ချင်ခဲ့ပေမယ့် မကြည့်လိုက်ရတဲ့အတွက် စိတ်မကောင်းတဲ့အကြောင်း ပြောပြခဲ့တာပါ



မင်းသားအနေနဲ့ ဒိုက်တော်တော်ကောင်းတယ် ဇော်ရဲနဲ့ ဒိုက်နဲ့ အရမ်းကောင်းတယ် ဒီကားက ဒါပေမယ့်ကောင်းတာလည်း မပြောနဲ့လေ ဘေးနားက ကိုကြီးနေမျိုးအောင်တို့ ဦးဗေဒါတို့ပေါ့နော် ထူးခန့်ကျော်တို့က ပံ့ပိုးထားတာက နည်းတာမှမဟုတ်တာ လုပ်ချသွားတဲ့ အိုက်တင်ကြီးတွေက ကြောက်စရာကြီး



နေမျိုးအောင်ကြီး ဇာတ်ရုပ်ကို ကျသွားတာ ညကတောင်ပြောဖြစ်သေးတယ် မေမေလို့ ကိုကြီးနေမျိုးအောင်ကိုကြည့်ရတာ ကျော်ဟိန်းကို ကြည့်ရသလိုပဲလို့ မုန့်ဟင်းခါးလေးရောင်းပြီးတော့ သားလေးကို ကြည့်လိုက်တဲ့ အိုက်တင်က
ဘယ်လိုလေးကို မှန်းကိုမသိဘူး ကြည့်တဲ့မျက်နှာလေးကတူလိုက်တာ ဦးကျော်ကိုကြည့်နေရသလိုပဲ



ကျော်ဟိန်းပေါက်စလို့တောင်ပြောလို့ရတယ် တော်တော်ကောင်းတာ ထုးခန့်ကျော်ကြီးကလည်း ကြောက်စရာကြီး သားကိုအရက်တိုက်တဲ့အခန်းမှာ ဘယ်လောက်ကောင်းလိုက်လဲ တော်တော်ကောင်းတာပါ လာဦးမယ် ဝေလုတို့ ကိုမင်းသူတို့ မကြီးအေးသီတာတို့ သူတို့လည်း သူတိို့ တစ်ထောင့်တစ်နေရာအကုန်ရှိတယ်



ဇာတ်ထဲမှာကိုက နေရာပေးထားတာ ဟေမာကကာတာ့ ဟိုကစကားဒီပို့ ဒီကစကားဟိုပို့ပေါ့
ကိုယ့်နေရာလေးနဲ့ကိုယ်တော့ကောင်းပါတယ် အောင်သွယ်တော်မိညိုပေါ့ ဒိုက်ရပ်ကွက်ကပေါ့နော် ကိုယ်ရတဲ့နေရာလေးကို အားရတယ် ကြည့်လိုက်တဲ့အချိန်မှာ ငါ့နေရာလေးကကောင်းတာပဲလို့ ခံစားရတယ် ဒါပေမယ့် အဖေမကြည့်လိုက်ရတာတော့ စိတ်မကောင်းဘူး အဖေကကြည့်ချင်တာ အဲ့ကားလေးကို” လို့ဆိုလာခဲ့တာဖြစ်ပါတယ်



ဟေမာမန်းဝင်းကတော့ ဦးမန်းဝင်း မဆုံးခင်က ဆန္ဒလေး တစ်ခုကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်