လမ်းခွဲလိုက်တဲ့ ချစ်သူကို အရမ်းသတိရနေတဲ့ အကြောင်း ပြောပြလာတဲ့ အဆိုတော် ပိုပို

အဆိုတော်ပိုပိုကတော့ တေးသီချင်းလောကမှာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ပိုပိုက တေးရေး၊တေးဆိုတစ်ယောက်အဖြစ် သီချင်းလေးတွေကို ကိုယ်တိုင်ဖန်တီးပြီး အနုပညာလောကထဲမှာ လျှောက်လှမ်းနေတာဖြစ်ပါတယ်။ပိုပိုရဲ့ အနုပညာသက်တမ်းကလည်း နှစ်တစ်ခုထိရောက်လာပြီဖြစ်လို့ သီချင်းပေါင်းများစွာလည်း ထွက်ရှိထားပြီဖြစ်ပါတယ်နော်။
ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ပိုပိုက လမ်းခွဲလိုက်တဲ့ ချစ်သူကို အရမ်းသတိရနေတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်


အချစ်ရေးနဲ့ပတ်သတ်လို့ ခံစားသင့်သလောက်တော့ ခံစားတယ် ဘာသာရေးနဲ့ပတ်သတ်တာတွေ လည်းလုပ်နေတာပဲဆိုတော့လေ ဘုရားရှိခိုးရင်တော့ အဆင်ပြေပါစေဘာညာတော့ ဆုတောင်းပေးဖြစ်တာပေါ့ ကျန်တာကတော့ အကောင်းဆုံးဖြစ်ဖို့အတွက်လို့ပဲ တွေးတာပေါ့နော် တကယ်က ငိုမယ်သီချင်းထဲကလို နင်မှမကောင်းခဲ့ဘဲဆိုတာတော့မဟုတ်ပါဘူး အပြင်မှာက ကိုယ်ကမကောင်းတာပေါ့နော်



ဘဝမှာရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် ကိုယ့်လမ်းကိုသွားကြတာကပိုကောင်းတယ်လေ မဟုတ်ရင်နာကျင်မှာပဲဆိုတော့ ဒါက လူ့သဘောသဘာဝအရပေါ့ ဒီတိုင်းလေးကပိုကောင်းပါတယ် ခုတော့ အေးအေးချမ်းချမ်းလေးနဲ့ပဲ သိပ်ပြီးတော့ မချစ်ချင်တော့ဘူးပေါ့



အရင်တုန်းကကျတော့ တခါတလေကျရင် အထီးကျန်တယ် အဲ့တုန်းကတော့ ရည်းစားထားရင် ကောင်းမလားစဉ်းစားမိတယ် အခုကျတော့ ကိုယ်လည်း သူများသားသမီး ဒုက္ခမပေးချင်တော့သလို ကိုယ်လည်း မဖြစ်ချင်တော့တာပါ အေးအေးချမ်းချမ်းပါပဲ



လူတိုင်းကတော့ ရည်းစားနဲ့ပြတ်ရင် ငိုတာပေါ့နော် အကြီးအကျယ်တခါတော့ငိုလိုက်တယ် ငိုပြီးတော့လည်း နေကောင်းလားအဆင်ပြေလားဆိုပြီး မက်ဆေ့လေး ပို့ဖြစ်တယ်ပေါ့ သူကအဆင်ပြေပါတယ်ဆိုတော့ ကျေနပ်ရတာပေါ့ သူသတိရတဲ့အခါကျရင်တော့ မူးပြီး ဖုန်းဆက်တာပေါ့ အဲ့ကျ ကိုယ်က လာခဲ့ရမလားဆိုတော့ မလာနဲ့ သူအဆင်ပြေတယ်ပဲပြောတယ်



အသည်းကွဲတယ်ဆိုတာက သေတတ်တာမှမဟုတ်တာ ကိုယ့်ကိုကိုယ်သတ်သေရအောင်လည်း မစဉ်းစားတတ်တာမဟုတ်ဘူးလေ သူ့ကိုတော့ နေ့လည်း သတိရတယ်ညလည်း သတိရတယ် အဲ့တော့လည်းသတိရတယ်ပဲပေါ့ သူ့ကောင်းကွက်လေးတွေကိုလည်း သတိရတယ် အသည်းကွဲတယ်ဆိုရင် လူတွေက ကောင်းတာတွေကိုပဲအမြဲတွေးမိတာလားမသိဘူး



ပထမတုန်းက ဒီအပြစ်တွေရှိရင် ငါနဲ့အဆင်မပြေဘူးဆိုပြီး လမ်းခွဲခဲ့တာပဲ ပြီးတော့ တကယ်တမ်း အသည်းကွဲတော့ ဒါလေးကသူငါ့အပေါ် ကောင်းခဲ့တာ သူတလပြည့်တုန်းက ဘာတွေ ပေးခဲ့တာ အဲ့လိုတွေတော့ရှိတာပေါ့ သူပေးတဲ့ Video ဖိုင်တွေ ပုံတွေပြန်ကြည့်တယ် ဒါမဲ့ Facebook မှာတော့ ဘလော့ထားတယ်



ဘာဖြစ်လို့ ဘလော့ထားလဲဆိုတော့ သူ့ကို ပြန်ကြည့်မိနေရင် သတိရနေမှာဆိုးလို့ တခါတည်းဘလော့ထားလိုက်တယ် တခါတလေကျတော့လည်း အချစ်ကရှုပ်ထွေးတယ် သတိမရဘူးလားမေးရင် သတိရတယ် လွမ်းလည်းလွမ်းတယ် ဒါပေမယ့် မဖြစ်နိုင်လို့ လမ်းခွဲလိုက်တာဆိုတော့ ချစ်နေတယ်ဆိုတဲ့ အသိလေးနဲ့ပဲနေလိုက်တော့တယ် ခံစားသင့်သလောက်လည်း ခံစားတယ် အပျိုကြီး လုပ်တာပိုကောင်းမယ်လို့ ခံစားလာရတယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်



ပိုပိုကတော့ လမ်းခွဲလိုက်တဲ့ ချစ်သူကို အရမ်းသတိရနေတဲ့ အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)