ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ကြော်​ငြာတစ်ခုကြောင့် အနူးအညွတ် တောင်းပန်လိုက်ရတဲ့ ဖြူဖြူထွေး

အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဖြူဖြူထွေးက ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ကိုင်လေ့ရှိသူဖြစ်ပြီး စိတ်သဘောထားဖြူစင်တဲ့ သူလေးပါ။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် အများက အချစ်ပိုကာ အားပေးနေကြတာပဲ ဖြစ်ပါတယ်။



ယခုရက်ပိုင်းမှာတော့ ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ထိုကြော်ငြာထဲက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက်တွေက အတွင်းရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သော ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေအပြင် လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းရေးမှူးအသင်းက ရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။



မြန်မာနိုင်ငံအတွင်းရေးမှုးအသင်း ဥက္ကဌဖြစ်သူ ဒေါ် အေးချမ်းဖြူဖြူက ဖြူဖြူထွေးရဲ့ကြော်ငြာမှာပါရှိတဲ့ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက်တွေဟာ အတွင်းရေးမှုးတွေရဲ့ သိက္ခာကို ကျဆင်းစေတယ်လို့ လူမှုကွန်ယ​က်ကနေတဆင့် ပြင်းထန်စွာဝေဖန်လာခဲ့တာဖြစ်ပါတယ်



ဒေါ်အေးချမ်းဖြူဖြူက ဖြူဖြူထွေးရဲ့ သရုပ်ဆောင်ပုံတွေဟာ အပြင်မှာတကယ်မရှိတဲ့အချက်အလက်တွေပေါ် အခြေခံသရုပ်ဆောင်ထားတာဖြစ်ပြီး အတွင်းရေးမှုးတစ်ယော
က်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာဖြစ်လို့ လုံးဝရှုံးချတယ်လို့ ဆိုခဲ့ပြီး ဒါရိုက်တာစတီးလ်ရော ဖြူဖြူထွေးပါ ဆင်ခြင်နိုင်ဖို့ သတိပေးလာခဲ့တာဖြစ်ပါတယ်



ထိုကိစ္စနဲ့ ပက်သတ်ပြီး ဖြူဖြူထွေးက “ဒီကြော်ငြာလေးကတော့ Director သင်ပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ရတာပါ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူ မျိုးဖြစ်ခဲ့ရင် သမီးအနေနဲ့တောင်းပန်ပါတယ်  ဇာတ်လမ်း ဇာတ်ညွန်း သမီးကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက် ရဲ့ နေထိုင်မှု့အဆင့်အတန်းကို သမီးလေ့လာမထားမိပါဘူး။ အဲ့ဒါကြောင့် သမီးရဲ့ သရုပ်ဆောင်မှုဟာ Secretary ဝန်ထမ်းတွေ အပေါ် ဂုဏ်သိက္ခာ ထိခိုင်မှုကြောင့် သမီးအနေနဲ့ အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်။ နောက်နောင် ဒါမျိုးမဖြစ်အောင်လဲ ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီး သရုပ်ဆောင်ပါ့မယ်” ဆိုပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာခဲ့ပါတယ်။



ဖြူဖြူထွေးကတော့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ကြော်​ငြာတစ်ခုကြောင့် အနူးအညွတ် တောင်းပန်ခဲ့ရတာ ဖြစ်ပါတယ် လူမှုကွန်ယက်မှာ သတင်းကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)