ဝေဖန်မှုတွေခံနေရပေမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူကြီး ပြုလုပ်ခဲ့တဲ့ ဖြူဖြူထွေး(ရုပ်သံ)

အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဖြူဖြူထွေးက ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ကိုင်လေ့ရှိသူဖြစ်ပြီး စိတ်သဘောထားဖြူစင်တဲ့ သူလေးပါ။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် အများက အချစ်ပိုကာ အားပေးနေကြတာပဲ ဖြစ်ပါတယ်။



ဖြူဖြူထွေးက ရိုးသားဖြူစင်တဲ့ စိတ်ထားလေးနဲ့ ဟန်ဆောင်မှုကင်းတာကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်တတ်ပြီး သူတစ်ပါးကို အမြဲကူညီတတ်ပါတယ်။ ယခုမှာတော့ ဖြူဖြူထွေးက ပရိသတ်တွေကြည်နူးပျော်ရွင်စေမယ့် တန်ဆောင်မုန်းလပြည့်ညလေးရဲ့ အမှတ်တရ ဗီဒီယိုလေးကို ဖော်ပြလာခဲ့ပါတယ်။



ဒီဗီဒီယိုလေးထဲမှာတော့ ဖြူဖြူထွေးက ပံ့သကူအလှူလေးလုပ်ဖို့အထွက် ငွေကြေးအပြင် ဆန်အိတ် နဲ့ မြန်မာဝမ်းဆက် သေချာထုတ်ပိုးပြီး ကိုယ်တိုင်သွားရောက်ကာ အလှူလေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဖြူဖြူထွေးက ” ဖြူဖြူထွေးရဲ့ အမှတ်တရတန်ဆောင်တိုင်အလှူ နတ်လူသာဓု ခေါ်စေသော်” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။




ဖြူဖြူထွေးကတော့ သူမရဲ့ ကြော်ငြာတစ်ခုကြောင်း ပြင်းထန်တဲ့ဝေဖန်မှုတွေကိုခံနေရပေမယ့် အလှူအတန်းတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်နော် ဖြူဖြူထွေးရဲ့ အလှုဗီဒီယုဖိုင်လေးကို သာဓုခေါ်ဆိုနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)