နှင်းဆီအငြိမ့် အဖွဲ့ထဲကို ပြန်ဝင်ဖို့ အစီအစဥ် ရှိ/မရှိ ဆိုတာကို ပြောပြလာတဲ့ အဆိုတော် မိုးမိုး

အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်မိုးမိုးကတော့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပြီး တစ်ကိုယ်တော်အခွေ အယ်လ်ဘမ်များလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။



မိုးမိုးဟာ နှင်းဆီအငြိမ့်မှာလည်း ပါဝင်တင်ဆက်ခဲ့ဖူးတာဖြစ်ပြီး ၇ နှစ် နီးပါးလောက်ပါဝင်ဖျော်ဖြေခဲ့တာပါ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မိုးမိုးက နှင်းဆီအငြိမ့် အဖွဲ့ထဲကို ပြန်ဝင်ဖို့ အစီအစဥ် ရှိ/မရှိ ဆိုတာကို ပြောပြလာခဲ့တာဖြစ်ပါတယ်



“နောက်ပိုင်းတော့မပြောတတ်သေးပါဘူး ဦးမျိုးရဲ့ စိတ်ဆန္ဒပေါ်မှာလည်း မူတည်တာပေါ့ ဘာလို့လည်းဆိုတော့ သူကလည်း နှင်းဆီရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေတာဆိုတော့လေ ကျွန်တော်တို့ကတော့ အဓိကတစ်ခုရှိတာက ဘာလည်းဆိုတော့ အငြိမ့်ဆိုတာ ရိုးသားစွာနဲ့ ပရိသတ်အပေါ်မှာ ဖီလင်အပြည့်နဲ့ တကယ့်ကို စိတ်ထဲမှာထည့်ပြီးတော့ နှလုံးသားထဲမှာ ဒီအငြိမ့်ကရှိတယ်



ဒီလိုလုပ်ဖြစ်ခဲ့တာဖြစ်တဲ့အတွက် အခုနောက်ပိုင်း
ကိုနေတိုးကရော ထွန်းထွန်းကရောပေါ့နော် အရင်တုန်းကသွားခဲ့တဲ့ ခရီးစဉ်လေးတွေကို Blog လေးတွေ ပြန်တင်နေတာ တွေ့တော့ ဒီရကပိုင်း အငြိမ့်ဆိုတာခေါင်းထဲပြန်ရောက်နေတယ် ပြောတော့မပြောတတ်သေးပါဘူး အခြေအနေအပေါ်မူတည်ပြီးတော့မှ လုပ်ရမှာပါပဲ



အမှန်အတိုင်းပြောရရင်တော့ သူတို့ အငြိမ့်ကနေစဉ်မှာ ကိုယ်က ပရိသတ်အနေနဲ့ ပွဲကြည့်ဖြစ်တယ် ပြန်လွမ်းလားဆိုတော့ အဲ့လိုပြန်မလွမ်းဘူး ပြန်မလွမ်းဘူးဆိုတာက သူတို့က ပြက်လုံးအသစ်တွေလုပ်နေတာကိုး ပြက်လုံးအသစ်တွေလုပ်နေတာဆိုတော့ ပြက်လုံးအသစ်ကို ကိုယ်ကပရိသတ်အနေနဲ့ အားပေးနေရတာဆိုတဲ့အခါကျတော့ အငြိမ့်ကခဲ့တာတွေကို မေ့နေတာပေါ့



ဒါပေမယ့် အရင်တုန်းက အငြိမ့်တွေ ပြန်ကြည့်ရတဲ့အခါမှာတော့ လွမ်းတာပေါ့ သွေးမတော်သားမစပ်ဘာမှလည်းမတော်ပဲနဲ့ ၇ နှစ်လောက် အတူတူလက်တွဲလုပ်လာတဲ့ လူတွေဖြစ်တဲ့အခါကျတော့ အတူကခဲ့တဲ့ အငြိမ့်တွေ ကြည့်တဲဲ့အခါမှာ လွမ်းတာပါ



အခုနောက်ပိုင်းအဲ့ဒီအလွမ်းစိတိကတအားများလာတယ် ဘာဖြစ်လို့လည်းဆိုတော့ စကိုင်းနက်ကနေ ထာဝရနှင်းဆီအငြိမ့်ကို ပြန်ပြနေတာလေ ပြန်ပြလိုက်တဲ့အချိန်မှာ အငြိမ့်က ကျနော့ခေါင်းထဲကို ပိုပြီး ပြန်ရောက်လာတာပေါ့နော်



ဦးမျိုးနဲ့က အငြိမ့်မကဖြစ်ကတည်းက သိပ်မတွေ့ဖြစ်တော့တာပါ ကျနော် ၆ နှစ်လောက်ရှိသွားပါပြီ ၆ နှစ်လောက်ပေါ့နော် ဦးမျိုးနဲ့က ကျနော်က ပုံစံ၃ မျိုးလောက်ရင်းနှီးခဲ့ကြတာကိုး ဆရာလိုတမျိုး ကျနော့မှာ အဖေမရှိတော့တဲ့အခါကျတော့ အဖေလိုတမျိုး နောက်သူငယ်ချင်းလိုတမျိုးပေါ့ အဲ့လိုမျိုးရင်းနှီးခဲဲ့ကြတာပါ အလုပ်ကိစ္စမရှိတော့တဲ့ အတွက်သာမတွေ့ဖြစ်တာပါ ကျွန်တော့စိတ်ထဲမှာ အမြဲရှိနေတဲ့အတွက် သွားကန်တော့လိုက်တာပါ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်



မိုးမိုးက သီချင်းတွေ ထွက်ဖို့လည်း ကြိုးစားနေပေမယ့် ကိုဗစ် ဒုတိယလှိုင်းမှာ စတူဒီယိုတွေအကုန်ပိတ်သွားတဲ့အတွက် အခက်အခဲဖြစ်နေရတဲ့အကြောင်းလည်း ပြောသွားခဲ့ပါသေးတယ် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)