အတူနေနိုင်ငံခြားသားချစ်သူနဲ့ သူမရဲ့ ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးလာတဲ့ ချမ်းချမ်း

အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ချမ်းချမ်းကတော့တစ်ကိုယ်တော်အခွေ အယ်လ်ဘမ်မျာ ထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးမှုကိုရရှိနေတာပါ
ယနေ့မှာတော့ ချမ်းချမ်းက သူမရဲ့ အတူနေနိုင်ငံခြားသားချစ်သူနဲ့ သူမအတွက် ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးလာခဲ့တာပါ



Happy Sweet December Everyone 🌲🎉✨🎊
* ပထမဆုံးအနေနဲ့ အရာအားလုံးအတွက် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်🙏
* ဒုတိယအနေနဲ့ အခုချိန်ထိ ဘဝမှာဘယ်နှကြိမ်ပဲလဲကျခဲ့ပါစေ- အမြဲအနားမှာ စောင့်ရှောက်အားပေးခဲ့တဲ့အဖေနဲ့ အမေ၊ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်🙏* တတိယတစ်ခုကို အခုမှ စပြောမှာပါ ☺



ဘဝမှာ ပထမဆုံး သမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ🤗။Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့ အိမ်ထဲမှာ ပျင်းနေတာကိုမြင်ရတာ စိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့…သမီးလေးက တောင်းဆိုခဲ့တာ….ဒီနှစ်တော့ အဆိုးထဲက အကောင်းပါပဲ။



အမှန်အတိုင်းပြောရရင်ကျွန်မအသက်က နောက် ၃ နှစ်လောက်ဆို၃၅ နှစ်ပြည့်ပါတော့မယ်။အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေးတယောက်လောက် လိုချင်မိတယ်။ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီးသားမို့ ယူဖြစ်ခဲ့သလို သမီးလေးလဲ အဖော်ရအောင်ပေါ့။



ကလေးမယူတာ ၆ နှစ်လောက်ခြားသွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြင်ပြီး ပြင်ဆင်ခဲ့ရပါတယ်။ မိခင်ယောက်ဖြစ်ဖို့အတွက်က ကျန်းမာဖို့က အရမ်းအရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ်စောင့်ကြည့်တယ်။ ကံကောင်းစွာနဲ့ ….🤗 July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ကျွန်မ မယုံနိုင်ခဲ့ဘူး။ သမီးလေးအတွက် အဖော်ရပြီ။ မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တခုပဲလေ။အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး။



အဲဒီတော့ ဘုရားကို ကျွန်မ အားကိုးဆုတောင်းခဲ့တယ်။ ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက် ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ🤗။ကျန်ခဲ့တဲ့ ၁ပတ်က ultra sound ရိုက်တော့ ၅ လရှိပြီကျန်းကျန်းမာမာပဲတဲ့။အိုး…ဘာလေးပဲရရပါ…အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..ညဏ်ရည်ကောင်းဖို့ရယ်ပါပဲ…ကျန်တာဘုရားပေးသလောက်ပေါ့..😇။



မိသားစုဘဝလေး ပြိုကွဲခဲ့ရချိန်တွေ/နာကျင်ခဲ့ရချိန်တွေ/အားလုံးကို အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်လာခဲ့တာ .… အခုဆို အချိန်တောင် (၃) နှစ်ရှိခဲ့ပါပြီ။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ဗိုက်ထဲက ကလေးလေးရဲ့ဖေဖေ Enrico ကိုလည်း ကျေးဇူးအထူးတင်ပါတယ် 😘။လက်တွဲလာခဲ့တာ အချိန်(၂) နှစ်အတွင်းpositive အမြင်နဲ့ ဘဝကိုဖြတ်သန်းဖို့ သင်ကြားပေးတဲ့အတွက်ရယ်/ကျွန်မရဲ့အတိတ်တွေကို နားလည်ပေးပြီးကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ်/တယောက်တည်းပင်ပန်းနေချိန်တွေမှာ အစစအရာရာနားလည်ခွင့်လွှတ် ဖေးမပေးလို့အတိုင်းမသိဝမ်းသာမိရပါတယ်။ကျေးဇူးလဲတင်တယ်။



သူ့ရဲ့ September လတုန်းက အသက် ၃၄ နှစပြည့်မွေးနေ့မှာ ဘာလက်ဆောင်ပေးရမှန်း မသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ ဒီကလေးလေးဟာ ကျွန်မတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့။ဘာမှမလိုဘူး။ ကလေးနဲ့မိခင် ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့…သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ် 💖💖💖 ။အတိတ်ကအတိတ်ပါပဲ။ ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ့ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်🌲🎀ကျန်းမာပျော်ရွှင်ကြပါစေ” တေးသံရှင် ချမ်းချမ်း🎁 ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။



ချမ်းချမ်းကတော့ ရင်သွေးလေးကြောင့် ပျော်ရွှင်နေတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ချမ်းချမ်းအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါအုန်းနော်

Writer – Magic(Shwe Yaung Myanmar)