
ပရိသတ်ကြီးရေ…..မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဗီဒီယိုဇာတ်ကားတွေ၊ကြော်ငြာတွေအများအပြားရိုက်ကူးခဲ့ပြီး ရုပ်ရှင်ကားကြီးတွေထိပါ ရိုက်ကူးထားနိုင်တဲ့ မင်းသမီးတစ်ယောက်ပါနော်….။ သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာအောင်မြင်မှုရရှိနေတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိသတ်တွေကတော့ သူမကိုချစ်စနိုးနဲ့ သဲသဲလို့လည်းခေါ်ကြပါသေးတယ်။
စံရတီမိုးမြင့်ဟာ ကျစ်လျစ်သွယ်လျတဲ့ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် ကြည်လင်၀င်းပတဲ့အသားအရည်လေးကြောင့်လည်း မိန်းကလေးချင်းပါအားကျရတဲ့ သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမရဲ့ ချောမောလှပတဲ့ရုပ်ရည်လေးကြောင့်လည်း ပုရိသတွေရဲ့ သည်းသည်းလှုပ်၀န်းရံခဲ့ရတဲ့ မင်းသမီးလေးတစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူးနော်။
သဲဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အပန်းဖြေ အနားယူနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင်လို့လည်း live လွှင့်ကာ ရင်းရင်းနှီးနှီးစကားပြောလေ့ရှိတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ပရိသတ်တွေသိချင်နေတဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကတော့ ချစ်သူသက်တမ်း(၁၀) လပြည့်တဲ့နေ့လေးမှရည်းစားရှိကြောင်းပရိသတ်တွေကိုတရားဝင်အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က သူမရဲ့ Facebook Story တွင် ” Happy 10 monthsary Ko Ko “ ဆိုပြီးရေးထားတဲ့ ပုံလေးတင်ထားတာပဲ ဖြစ်ပါတယ်။
စံရတီမိုးမြင့်ကတော့ သူမရဲ့ ချစ်သူကို ပရိသတ်တွေသိအောင် ထုတ်ဖော်ပြသလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်
Writer – Magic (Shwe Yaung Myanmar)