ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်ပိုက်တန်းလန်းနဲ့ ဆေးကုသမှုခံယူနေရတဲ့ သူ့ရဲ့အခြေအနေကို ဗီဒီယိုလေးနဲ့ ပြောပြလာတဲ့ ဦးမိုးဒီ

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးဒီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ



ဦးမိုးဒီဟာကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ် ဦးမိုးဒီက နေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ Covid 19 ရောဂါ Positive ဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ် ။ ယနေ့မှာတော့ လူရွှင်တော်ကောင်းစံက ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေအကြောင်း တင်ထားတာ ဖြစ်ပါတယ် ။



လူရွှင်တော်ကောင်းစံက “ပရိသတ်များရဲ့ဆုတောင်းမေတ္တာနဲ့အတူ ဧရာဝတီစင်တာမှဗော်လန်တီယာများ၊ဆရာဝန်များရဲ့ကုသအားပေးမှုကြောင့် ဖေဖေ့ရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်လာပါပြီခင်ဗျာ အားလုံးကို ကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အောက်စီဂျင်ရှူနေရတဲ့ ဦးမိုးဒီက လက်မလေးထောင်ပြီး သူအဆင်ပြေကြောင်း ပြောနေတာ ဖြစ်ပါတယ် ။



Covid 19 ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)