သူမ ဗိုက်ထဲကကလေးလေးက အခုကတည်းက ဖခင်ဖြစ်သူ စည်ဖြိုးနဲ့ ချွတ်စွတ်တူနေတယ်လို့ ဆိုလာတဲ့ ခင်လွှမ်း

စည်ဖြိုးနဲ့ခင်လွှမ်းတို့ကတော့ နှစ်ဦးစလုံး လူသိများထင်ရှားကြသူတွေဖြစ်ပြီး လိုက်ဖက်တဲ့ ချစ်သူစုံတွဲတွေ အဖြစ်လည်း ပရိသတ်က သိထားကြတာပါ ယခုကိုဗစ်ကာလမှာလည်း
သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ခင်မင်သူ အနုပညာအသိုင်းအဝိုင်းနဲ့အတူ ကျင်းပခဲ့တာဖြစ်ပါတယ်



မင်္ဂလာပွဲပြုလုပ်စဉ်ကတည်းက လူအများ ရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ စည်ဖြိုးတို့စုံတွဲလေးဟာ ယနေ့မှာလည်း ခင်လွှမ်းရဲ့ လူမှုကွန်ယက်ပေါ်က Status လေးတစ်ခုကြောင့် လူစိတ်ဝင်စားခံနေရပြန်တာပါ ယနေ့မှာတော့ ခင်လွှမ်းက သူမ ဗိုက်ထဲကကလေးလေးက အခုကတည်းက ဖခင်ဖြစ်သူ စည်ဖြိုးနဲ့ ချွတ်စွတ်တူနေတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်




ခင်လွှမ်းက “ဗိုက်ထဲမှာထဲက ဖအေ အကျင့်တေပြနေပြီ . ည မအိပ်ခင် ဘာမှမစားတတ်တဲ့ကျွန်မ ခုဆို ည မအိပ်ခင် တစ်ခုခု စားလိုက်ရမှ. သူ့ဖအေပါ စားတာနော် ။သန်းခေါင်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့ ကျွန်မ ခုဆို ထထပြီး တစ်ခုခု စားနေရပြီ. သူ့ဖအေပါ ထစားတာနော် ။အချိုဆို လုံးဝ မကြိုက်တဲ့ကျွန်မ ခုဆို ချိုမှ စားချင်တာ . လုံးဝ သူ့ဖအေ အကျင့်တေ”ဆိုကာ သူမရဲ့ခင်ပွန်းဖြစ်သူစည်ဖြိုးရဲ့အကျင့်တွေရင်သွေးလေးမှာပါနေကြောင်းပြောပြခဲ့တာပါ။



ခင်လွှမ်းကတော့ သူမတို့မိသားစုလေး နဲ့ ရင်သွေးလေးအကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)