ခါးရိုးကျိုးအက်သွားလို့ ဆေးရုံတက်နေရတာ ၃ ရက်ရှိနေပြီဖြစ်တဲ့ ချစ်သုဝေရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ လင်းလင်း

ချစ်သူဘဝတုန်းထဲက ဂီတမ်းကြောင်းပေါ်မှာ အတူတကွ လျှောက်လှမ်းလာခဲ့ကြတဲ့ အဆိုတော်လင်းလင်း နဲ့ ချစ်သုဝေ တို့ဇနီးမောင်နှံ လေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အိမ်ထောင်ကျပြီးတဲ့အခါမှာလည်း ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ခေတ်သစ်ဖောင်ဒေးရှင်းလေးကို တည်ထောင်ထားတဲ့ သူတို့စုံတွဲလေးကို ပရိတ်သတ်တွေအားလုံးက လေးစားချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။



ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေပြီး ခေတ်သစ်ဖောင်းဒေးရှင်းနဲ့အတူ ကိုဗစ်တိုက်ဖျက်ရေးမှာ လိုအပ်တဲ့ ဆေးဝါးအကူအညီများကို ပေးနေတဲ့ ချစ်သုဝေကတော့ လက်ရှိမှာ ခါးရိုး ကျိုးအက်ဒဏ်ရာကြောင့် ဆေးရုံတက်ရောက်နေရတယ်လို့ သိရပါတယ်။ လှေကားပေါ်က ပြုတ်ကျခဲ့တာကြောင့် ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။




လင်းလင်းက “ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့် ဆရာမ ဆေးရုံတက် နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ် ဆိုတော့ ဟာသလေး တွေပြောရင်း ထမင်းခွံ့ကျွေး Fighting Hon ” ဆိုပြီး ချစ်ဇနီးလေး ရဲ့ကျန်းမာရေး အခြေအနေကိုလည်း ပရိသတ်တွေ သိရှိရအောင် ပြောပြ လိုက်တာပဲ ဖြစ်ပါတယ် ။



ဆေးကုသမှု ခံယူနေ ရတဲ့ ချစ်ဇနီး လေးကို အနီးကပ်ပြုစုနေတဲ့ လင်းလင်းရဲ့ ပုံရိပ်လေးကို လည်း ချစ်ပရိသတ်ကြီး အားလုံးအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ ချစ်သုဝေတစ်ယောက် အမြန်ဆုံး ပြန်လည်သက်သာပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)