မိန်းကလေးချင်း ချစ်သူ ဖြစ်တာ ၃ နှစ် ရှိသွားပြီဖြစ်တဲ့ အဆိုတော် ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်

ဆွေဇင်ထက်ကတော့ Miss Universe Myanmar 2019 ဆုကို ရရှိထားတဲ့ အလှမယ် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းက အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။



သူမရဲ့ ချစ်သူ အဆိုတော် ဂေဂေးကတော့ ” မောင့် နောက်လိုက်ခဲ့မယ်” ဆိုတဲ့ သီချင်းကနေ တဆင့် အောင်မြင်လာခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဆွေဇင်ထက်နဲ့ ဂေးဂေးက မိန်းကလေးချင်း ချစ်သူ ဖြစ်တာ ၃ နှစ် ရှိသွားပြီဖြစ်ကြောင်း ပြောပြလာခဲ့တာပါ



“ဂေးတို့ နှစ်ယောက်ချစ်သူဖြစ်တာတော့ သုံးနှစ်ကျော်ပြီပေါ့နော် ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ကလုံးဝမတူဘူး သူက ချဉ်ချဉ်စပ်စပ် တွေကြိုက်တယ် ဂေးက အစပ်မစားနိုင်ဘူး အချိုအဆိမ့်တွေ ကြိုက်တယ် ဂေးက အေးအေးဆေးဆေးနေရတာကြိုက်တယ် သူကဆူဆူညံညံတွေကြိုက်တယ် ကလပ်သွားရတာမျိုးကို ကြိုက်တယ် မတူဆို ဘာတစ်ခုမှကို မတူတာပါ ” လို့ ဂေးဂေးက ပြောပြခဲ့တာပါ



ဆက်လက်ပြီး ဆွေဇင်ထက်က”ဂေးကအမကြီးက အမိအရာလိုပါပဲ တခါတလေကျရင်ကိုယ်ကမကြိုက်ဘူး ဆရာကြီးလုပ်တာတို့ဘာတို့ဆိုရင်ကိုယ့်ကိုနည်းနည်းပါးပါးရင့်ရင် မကြိုက်ဘူး ကိုယ်ကလည်း သူရင့်ရင် ပြန်ရင့်လိုက်ရမှ နှစ်ဆသုံးဆကိုယ်ကပြန်ရင့်တယ်



ပြီးရင် မပတ်သတ်နဲ့တော့ သွားဆိုပြီး ကိုယ်ကမကြိုက်တဲ့လူဆိုတော့လေ အဲ့လိုဆို သူကြိုက်သလောက်ပြော လုံးဝမလုပ်ဘူး ပြန်မပြောနားမထောင်ပေါ့ သူကဒါလုပ်ဆို လုံးဝမလုပ်ဘူး မလုပ်နဲ့ဆိုတာကို ရအောင်လုပ်တာ ” လို့ သူမတို့ နှစ်ယောက်ရဲ့ Relationship အကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်



ကိုးကွယ်တဲ့ဘာသာမတူညီကြတာနဲ့ပတ်သတ်ပြီးတော့လည်း ဂေးဂေးက “ဒီနေ့ဆိုလည်း ဘုန်းကြီးကျောင်းမှာ အလှူလုပ်မယ်ဆိုတော့ ဂေးလိုက်ပေးတယ် ဘာမှတော့ မဖြစ်ဘူး ဂေး ခရစ်ယာန် ဆိုတော့ ဘုရားကျောင်းတက်လို့ရှိရင် သူတခါတလေကျရင် လိုက်တယ် တခါတလေကျရင်လည်း မလိုက်ဘူးပေါ့နော် ဂေးတို့ကြားမှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ဘာအယူဝါဒအစွဲမှလည်းမရှိဘူး ဆိုတော့ အရမ်းကြီးကို အဆင်ပြေတယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်



ဂေးဂေးနဲ့ဆွေဇင်ထက်ကတော့ မိဘတွေအချင်းချင်းလည်း သဘောတူကြပြီး သူမတို့ ချစ်သူနှစ်ဦး ဘဝခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့အကြောင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်
အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)