ပံ့သကူ ပစ်ဖို့အတွက် အပြင်ထွက်ရင်း ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတဲ့ နန္ဒာလှိုင်

သရုပ်ဆောင်မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် မိသားစုနဲ့ စီးပွားရေးဘက်ကို အချိန်ပေးဖြစ်သလို ပရိသတ်တွေအတွက်လည်း မိသားစုလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသူပါ..။



မိသားစုပုံရိပ်လေးတွေနဲ့ ကြည်နူးအားကျစေသလို ရက်ရောလွန်းတဲ့ လှူဒါန်းမှုတွေနဲ့လည်း ပရိသတ်တွေကို သာဓုအကြိမ်ကြိမ်ခေါ်စေတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးဟာ အခုဆိုလည်း Covid ရောဂါဆိုးကြီးကြောင့် Q ဝင်ခဲ့ရတာမို့ ပရိသတ်တွေလည်း စိတ်ပူကာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်နော်..။



နိုဝင်ဘာလ (၂၉) ရက်နေ့မှာတော့ နန္ဒာလှိုင်က ပံ့သကူပစ်ဖို့ အပြင်ထွက်ရင်း အံ့သြလောက်စရာမြင်ကွင်းကို မြင်တွေ့ခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။ “အပြင်မထွက်ဖြစ်တာကြာပေါ့။ ပံ့သကူပစ်လို့ညဘက်အပြင်ထွက်တာ များလိုက်တဲ့လူတွေ လေညှင်းခံနေတဲ့လူတွေလမ်းလျှေက်နေတဲ့လူတွေလေ့ကျင့်ခန်းလုပ်နေတဲ့လူတွေ၊ တာတီတူးနေကြတဲ့လူတွေ များသမှအများကြီး mask တွေလဲမတပ်ကြဘူး။ သတိထားကြပါကွယ်” ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်။



နန္ဒာလှိုင်ကတော့ အိမ်ထဲမှာပဲ အချိန်ကြာမြင့်စွာနေခဲ့ရပြီး အပြင်ထွက်ချိန်မှာ လူအများ စည်းကမ်းမဲ့နေတာကြောင့် အံ့ဩထိတ်လန့်ခဲ့ရတာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)