တရားစွဲခံလိုက်ရတဲ့ မြန်မာအိုင်ဒေါ က အဆိုတော် ဘနားနား ( ခြိမ့်ကေကို )

အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ ခြိမ့်ကေကို ကတော့ လူမှုကွန်ယက်မှာ လူစိတ်ဝင်စားခံရမှုများပြားသူတစ်ဦးဖြစ်ပြီး မုန်းသူရောချစ်သူပါ ရှိတဲ့ဆယ်လီတစ်ဦးဖြစ်ပါတယ်



လက်ရှိကိုဗစ်ကာလမှာတော့ မန္တလေးတိုင်းအစိုးရက ကိုဗစ်ကူးစက်မှု ကို ဟန့်တားလျှော့ချနိုင်ဖို့အတွက် အထူးကြပ်မတ်ဆောင်ရွက်နေတာဖြစ်ပြီး လူစုလူဝေးပြုလုပ်မှုတွေကို အရေးယူလျှက်ရှိနေတာပါ



ယနေ့မှာတော့ ခြိမ့်ကေကိုဟာ မြစ်သားမြို့နယ်မှာ ကျင်းပခဲ့တဲ့ မွေးနေ့ဖျော်ဖြေပွဲ မှာ ဝင်ရောက်ဖျော်ဖြေခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ် မြစ်သားမြို့နယ် မင်းဝန်ကျေးရွာ မှာ ဒီဇင်ဘာ ၃ ရက် နေ့က ကျင်းပခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် သမီးငယ်ရဲ့မွေးနေ့ပွဲမှာ ညနေ ၆ နာရီမှ ၉ နာရီအထိ ဖျော်ဖြေခဲ့တာဖြစ်ပြီး ခြိမ့်ကေကို ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခဲ့တယ်လို့ သိရပါတယ်



ခြိမ့်ကေကိုကတော့ ကိုဗစ်ကာလ စည်းကမ်းချက်များကို ကျော်လွန် ဖျော်ဖြေခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်နော် ခြိမ့်ကေကိုတစ်ယောက် အမြန်ဆုံး အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)