ကိုရီးယားနိုင်ငံ ကပေးအပ်ချီးမြှင့်တဲ့ နာမည်ကျော် ဆုတစ်ဆုကို ဆွတ်ခူးရရှိသွားခဲ့တဲ့ ဖွေးဖွေး​

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။



၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ထူးချွန်ဆုမျိုးစုံကို ဆွတ်ခူးထားခဲ့တဲ့ဖွေးဖွေးဟာ ယနေ့မှာ နိုင်ငံတကာထူးချွန်ဆုတစ်ခုကို ရရှိသွားခဲ့တာပါ



ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် Asia Model Festival 2020 ပွဲမှာ ​မြန်မာနိုင်ငံအတွက် ထိပ်တန်းအနုပညာရှင်တစ်ဦးကြေညာပေးခဲ့ရာ အကယ်ဒမီဖွေးဖွေးမှ “Asia Special Award ” ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ



ဒီအကြောင်းကို ဖွေးဖွေးက ” Thank You untact 2020 Asia Model Awards in Seoul !Thank You For choosing me !💪✨😍🤍 Covid 19 ကာလဖြစ်လို့ Seoul ကို မသွားရ​တော့ပဲ Asia Special Award ဆုကတော့ Korea ကလှမ်းပို့လိုက်လို့ ဖွေးလက်ထဲရောက်နေပါပြီရှင့်နောက်နေ့မှာ ကျေးဇူးတင်စကားကို စာရှည်ရှည်ရေးပြီး အမှတ်တရပုံရိုက်ပြီးတင်တော့မယ်ရှင့်” ဆိုပြီးရေးသားဖော်ပြထားခဲ့တာပါ



ဖွေးဖွေးကတော့ သူမရဲ့ များပြားလှတဲ့ ထူးချွန်ဆု Gallery ထဲကို နောက်တစ်ဆုထပ်ပေါင်းထည့်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်းဖွေးဖွေးကို ဂုဏ်ပြုစကားဆိုပေးခဲဲ့ကြပါအုန်းနော်

Writer – Magic(Shwe Yaung Myanmar)