ဆယ်တန်းမဖြေနိုင်ခဲ့လို့ ပြိုင်ပွဲဝင်တွေကြားမှာ မျက်နှာငယ်ခဲ့ရတဲ့ အကြောင်း ပြောပြလိုက်တဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးဟာ ဂီတ နဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆိုင်းပွဲတွေမှာ သီချင်းတွေ သီဆိုခဲ့ဖူးသူတစ်ယောက်ပါ။ သူမဟာ ဖခင်ဆုံးပါးသွားတဲ့နောက် အသက်(၁၂) နှစ်အရွယ်မှာ ကိုယ်ပိုင် ဆိုင်းဝိုင်းရရှိခဲ့တာဖြစ်ပြီး ဆိုင်းတီးရာမှာလည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာမို့ ရွှေတံဆိပ်ဆုတွေလည်း ရရှိခဲ့ဖူးတာကိုလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ Myanmar idol သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ 



ယခုအခါမှာတော့ ခင်ရတနာစိုးဟာ The Voice Myanmar Season 3 ရဲ့ Semi Finalist တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပြီး Winner ဖြစ်ဖို့ ရေပန်းစားနေခဲ့တာပါ ခင်ရတနာစိုးက The Voice Myanmar ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း ဆယ်တန်းမဖြေနိုင်ခဲ့လို့ ပြိုင်ပွဲဝင်တွေကြားမှာ မျက်နှာငယ်ခဲ့ရတဲ့ အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်



“ညီမ ယောကျာ်းယူလိုက်မိလို့တော့ နောင်တရခဲ့တာမရှိဘူး ညီမ ပညာရေးအတွက်ပဲ ညီမနောင်တရခဲ့တာ သူတစ်ယောက်တည်းအတွက်နဲ့လည်း ပညာရေးကိုစွန့်လွှတ်ရတာမဟုတ်ဘူး သူလည်း တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့တာပဲ ဒါပေမယ့် ညီမကိုယ်က ပွဲကထွက်လို့မရဘူး မိဘအတွကလည်းပါတယ် မိဘအတွက်နဲ့ ယောကျာ်းအတွက်နဲ့နှစ်မျိုးစလုံးပေါ့နော်



ဒီပညာရေးကြီးပဲ ဖိလုပ်လို့ ရှိရင်လည်း အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာမယ် ပညာရေးက ဆယ်တန်းဆိုတာ တစ်နှစ်ပတ်လုံး စာကြိုးစားလာရင်တောင်ကျတတ်သေးတာပဲ နတ်ကြီးတယ်လေ အဲ့လိုဆိုတော့ ပွဲကလည်း ညီမက ဆိုင်းတီး ဆို ပြီးရင် အငြိမ့်က ထပ်တီး ညီမတာဝန်က ဆိုင်းတစ်ဖွဲ့လုံးမှာ အရမ်းများတယ်ဆိုတော့ ပွဲတစ်ပွဲထွက်ရင် ညီမကမနားရဘူး



သူများတွေဆို ညခင်းဘက်လေး သီချင်းဆို ပြီးရင်ပြန်လာ အဲ့ဒါဆို စာလုပ်ချိန်ရှိတယ်ပေါ့ ညီမမှာစာလုပ်ချိန်လည်းမရှိခဲ့ဘူး အဲ့လိုမျိုးပေါ့နော် အိမ်ထောင်ရေးကလည်း အဲ့တုန်းက ညားခါစဆိုတော့ ခနခန ရန်ဖြစ်တယ် အိမ်ထောင်ရေးကလည်း သိပ်အဆင်မပြေတဲ့အခါကြတော့ ပညာရေးကို စွန့်လွှတ်ခဲ့ရတယ် အခုဆိုရင် ပြိုင်ပွဲဝင်အကုန်လုံးထဲမှာ ညီမတစ်ယောက်ပဲဆယ်တန်းမအောင်တာ ကျန်တဲ့သူအကုန်လုံး ပညာတတ်ကြတယ် အဲ့ဒီအတွက်တော့ မျက်နှာငယ်ရတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်



ခင်ရတနာစိုးကတော့ ဆယ်တန်းမဖြေနိုင်ခဲ့လို့ ပြိုင်ပွဲဝင်တွေကြားမှာ မျက်နှာငယ်ခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို​့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)