တကယ်ဆင်းရဲဖူးရင် ဒီလိုပြောမှာ မဟုတ်ဖူးလို့ ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေကို တုန့်ပြန်လာတဲ့ Vocal G

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့်
မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ



ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ Vocal G က တကယ်ဆင်းရဲဖူးရင် ဒီလိုပြောမှာ မဟုတ်ဖူးလို့ ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေကို တုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ်



“အဆက်အသွယ်မပြတ်အောင် Content အသစ်​လေးတွေ ရှိအောင်ဆိုပြီးတော့ ဒါလေးလုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ ညီမကအိမ်မှာတောင်မနေတာ ပြီးတော့ အိမ်ကလည်းဘာမှထူးထူးခြားခြားလည်းမရှိဘူးပေါ့ ဘာလို့ လူတွေကစိတ်ဝင်စားမှာလဲလို့ ဒါပေမယ့် အစ်မက လူတွေကအကုန်စိတ်ဝင်စားတယ်ဆိုလို့ လုပ်ဖြစ်သွားတာပါ



ညီမအဲ့ဒီပို့စ်အောက် ကောမန့်နည်းနည်းတော့ဖတ်လိုက်သေးတယ် ဘာကိုမှတ်မိလဲဆိုတော့ တကယ်မဆင်းရဲဖူးလို့သာ ဒီလိုပြောနိုင်တာပေါ့ အဲ့လိုမျိုးပြောကြတယ် ဒုက္ခရောက်ဖူးရင် ဒီလိုဘဝကိုလိုချင်လိမ့်မယ် ဆိုတော့ အဲ့ဒါမမှားဘူးလေ
မဆင်းရဲဖူးတော့လည်း မသိဘူးပေါ့ လွတ်လပ်ချင်တာပဲသိတယ်



ဒုက္ခရောက်တဲ့အချိန်ဆိုရင် မလွတ်လပ်လည်းရတယ် စားဝတ်နေရေးအတွက် အဆင်ပြေချင်တယ်လို့ဖြစ်ချင်ဖြစ်လာမှာပေါ့ ဒီဟာကကြတော့ ကိုယ်ရှိတာကို မလိုချင်ဘူး ကိုယ်မရှိတာကို လိုချင်တယ် ဒါကလူ့သဘာဝပဲလို့ထင်တယ် လူ့အလိုနတ်မလိုက်နိုင်ဆိုတာမျိုးပေါ့ အဲ့လိုပြောတဲ့လူတွေကို စိတ်မဆိုးပါဘူးလို့ မှန်ပါတယ်လို့ ပြောချင်ပါတယ်



ချမ်းသာတဲ့လူဆိုတာ မိဘချမ်းသာတာပါ ညီမက ချမ်းသာတဲ့ပုံစံလည်းမနေပါဘူး စုတ်စုတ်ပြတ်ပြတ်နေတာပဲ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး ညီမမီဒီယာပေါ်မှာ တက်လာသမျှထဲမှာမှ ဒီတစ်ခုပဲကောင်းကောင်းကန်းကန်းလေးတကိလာတာကွာ ဒီတစ်ခုပေါ်မှာ မူတည်ပြီး ထင်ချင်လည်းထင်ပေါ့ အဲ့လောက်ထိလိုက်ပြီး မခံစားဘူး” လို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်



G ကတော့ တကယ်ဆင်းရဲဖူးရင် ဒီလိုပြောမှာ မဟုတ်ဖူးလို့ ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေကို တုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)