
G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့်
မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ
ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ G ရဲ့အဘွားဖြစ်သူက မြေးမလေး ကို ဘယ်လိုမြင်လဲ ဆိုတာကို ပြောပြလာခဲ့ တာပါ
“သမီးလေးရဲ့စိတ်ဓာတ်က မာနလုံးဝမရှိဘူး သူက ဆုံးမစရာသိပ်မလိုဘူး သိလည်း သိတတ်တယ် သူ့ဟာသူကို လိမ္မာပြီးသားဆိုတော့လေ မြေးတွေအကုန်လုံးကယောကျာ်းလေးတွေပဲဆိုတော့ သူကမိန်းမတော့သိပ်မဆန်ဘူး သူ့အပေါင်းအသင်းတွေဆိုလည်း ယောကျာ်းလေးတွေကြီးပဲ
“Grace က သူဌေးသမီး ဖြစ်ပေမယ့် သူဌေးသမီး လို မနေဘူး။ သူဌေးသမီး မာန မရှိဘူး။ ဆုံးမစရာ မလိုဘူး၊ လိမ္မာတယ်။ ကိုယ်ချင်းစာတတ်တဲ့ စိတ် အမြဲတမ်း ရှိတယ်။ သူ ပရဟိတ အလုပ်တွေ လုပ်နေလို့ အရမ်း သာဓု ခေါ်တယ်။ ဝမ်းသာတယ်။ အများကို ကူညီတယ် ဆိုတာသူတော်ကောင်း အလုပ် လုပ်နေတာပါ” လို့ သူမရဲ့ အမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်
သူသီချင်းဆိုသွားပြိုင်တာလည်း မသိလိုက်ဘူး သိတော့ပြောတယ် သမီး ပြိုင်တယ်ဆိုတာ အိမ်မှာအသံတွေ အော်ဟစ်နေရတယ် သူ့အဒေါ် ဒေါ်မိမိခိုင်တုန်းကတော့ အိမ်မှာ အာပြဲနဲ့အော်တာပဲ သူကအဲ့လိုလည်းမကြားရဘူး သွားဝင်ပြုလို့ဘြင်တယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်
ဒါကတော့ G ရဲ့အဘွားဖြစ်သူက မြေးမလေး ကို ဘယ်လိုမြင်လဲ ဆိုတာ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိ ကြည့်ရှုပေးကြဖို့ ကျေးဇူးတင်ပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)