ကွယ်လွန်သွားတဲ့ သူငယ်ချင်း “ရှက်တယ်” နဲ့ ပတ်သတ်ပြီး ထူးခြားဖြစ်စဥ်တစ်ခုကို ပြောပြလာတဲ့ “လန်ဒန်”

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် လန်ဒန် ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ



ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ လန်ဒန်က ကွယ်လွန်သွားတဲ့ သူငယ်ချင်း “ရှက်တယ်” နဲ့ ပတ်သတ်ပြီး ထူးခြားဖြစ်စဥ်တစ်ခုကို ပြောပြလာခဲ့တာဖြစ်ပါတယ်

” ရှက်တယ်ကို လုံးဝစွဲလမ်းခြင်းမရှိပဲနဲ့ သူသေတာ ၆ နှစ်ကျော်ပြီ တခါမှ အိပ်မက်မက်ပဲနဲ့ ၄ ကြိမ်ဆက်တိုက် အိမ်မက်တစ်ခုထဲကို အိပ်မက်မက်ခဲ့တယ် ဆံချတဲ့အချိန်တစ်ခါ သတိထားကြည့်မိတယ် ဖြန်းခနဲ ဆို ကြက်သီးထသွားတာ နောက်မှာ ရောက်နေသလိုမျိုး ကျွန်တော်အဲ့ဒီမှာ မေတ္တာပို့တယ် သူငယ်ချင်းချမ်းသာပါစေ ကျန်းမာပါစေ မေတ္တာပို့ပေးတယ်


ကျွန်တော် သင်္ဃန်းလည်းစီးပြီးရော သူ့နာမည်အရင်းက လင်းခန့်ရလေ လင်းခန့်ရ(ခ) ရှက်တယ်ပေါ့ အဲ့လိုနာမည်အပြည့်အစုံခေါ်ပြီးတော့မှရှက်တယ်ကို မြင်ပါစေ ကြားပါစေဆိုပြီးတော့ သာဓုခေါ်ပေးတယ် အဲ့ဒီညကစပြီး အိပ်မက်ပေးတာတွေ မရှိတော့ဘူး အိပ်မက်လည်းမလာတော့ဘူး



ကျွန်တော်နဲ့ သူနဲ့က ဇာတ်ထဲမှာ တခြင်ထောင်တည်း အိပ်တဲ့အထိ အရမ်းချစ်ခဲ့ကြတာ ကျွန်တော့ အမနဲ့ အိမ်ထောင်ကွဲတော့လည်း သူနဲ့ ကျွန်တော် အခင်အမင်မပျက်ဘူး ညီအကို သူငယ်ချင်းယောက်ဖလို့ ပြောရင်လည်းမမှားဘူး ဦးမန်းဝင်းဇာတ်ထဲမှာလည်း နှစ်ယောက်အတူတူပဲ



သူကကျွန်တော့ထက်နှစ်ကြီးတယ် အနုပညာသက်ပေါ့နော် ကျွန်တော်ကအဲ့ဒီတုန်းက လုပ်နေရင်းကြားထဲမှာကို နှစ်နှစ်လောက်ကင်းကွာသွားသေးတယ် နောက်ပိုင်း ပြန်လာပြီးတော့ ပြန်လာပြီးမှ မလုပ်တော့ဘူးဆိုပြီးတော့ ဒီတိုင်းနေလိုက်တာ သူပြန်တိုက်တွန်းလို့ အနုပညာထဲပြန်ရောက်ပြီးတော့ ခုထိလုပ်ဖြစ်တာပါ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်



လန်ဒန်ကတော့ ကွယ်လွန်သွားတဲ့ သူငယ်ချင်း “ရှက်တယ်” နဲ့ ပတ်သတ်တဲ့ ထူးခြားဖြစ်စဥ်လေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ရှက်တယ်တစ်ယောက်ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)