မျက်နှာကျက်အမြင့်ကြီးပေါ်က ပြုတ်ကျတဲ့ဒဏ်ကြောင့် ဦးနှောက်လှုပ်ပြီး စားသမျှအန်နေရရှာတဲ့ သမီးလေးရဲ့အခြေအနေကိုပြောပြလာတဲ့ မင်းညီ

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ



မင်းညီရဲ့သမီးလေးကတော့ မနေ့ညကမျက်နှာကျက်ပေါ်ကပြုတ်ကျပြီး ညတွင်းချင်းဆေးရုံရောက်ခဲ့ရပါတယ်။ မင်းညီကတော့ယခုမှာ မျက်နှာကျက်ပေါ်ကပြုတ်ကျတဲ့ ဒဏ်ကြောင့် ဦးနှောက်လှုပ်သွားပြီး စားသမျှအန်နေရရှာတဲ့ သမီးလေးရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြလာခဲ့ပါတယ်။



ယနေ့မှာတော့ မင်းညီက ” သမီးမှုံအတွက် စိတ်ပူပေးကြသော မိတ်ဆွေ များအားလုံးကို ကျေးဇူးပါ…ဖြစ်ဖြစ်ချင်း လူနာတင်ကားနဲ့လာခေါ်ပြီး အရေးပေါ်မှ ဆေးရုံတတ်သည်အထိအစစကူညီပေးသော ကိုမျိုးထွန်း ကိုဗေဒါနှင့် ပြည်သူအပေါင်းလူရွှင်တော်အဖွဲ့သားများအားလုံး…အရေးပေါ်မှ ဆရာဝန် သူနာပြုဝန်ထမ်းများ… ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ကုသဆောင်မှ ဆရာဝန် သူနာပြုဝန်ထမ်းများ အားလုံး…လိုသမျလုပ်ပေးတဲ့ကိုအာရစ်… တို့နဲ့တကွ… အားလုံးကိုအထူးကျေးဇူးတင်ပါတယ် ”



သမီးဘယ်လိုဖြစ်တာလဲ သိချင်သူများ… ကိုဖြေပေးပါမယ်…သမီးက ကြောင်ချစ်တတ်တော့… သူ့ကြောင် မျက်နှာကြက်ထဲဝင်နေတာကို မိဘတွေမသိအောင် ရေချိုးခန်းကနေ တတ်ပြီး… ကြောင်ဆီခိုးသွားတာ..မျက်နှာကျက် ကျွံကျ.. တာပါ..အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့်.. အမြင့်ကကျတဲ့ဒဏ်ကြောင့်ဦးနှောက်လှုပ်သွားလို့.. မူးပြီးစားသမျအန်နေရှာတာပါ… သမီးကိုချစ်ပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးပါ.. ..အားလုံးက….ဆုတောင်းပေးသလို အမြန်ဆုံးသက်သာ ပျောက်ကင်းစေချင်မိပါတယ်… သမီးရေ “ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်



မင်းညီ ကတော့ မျက်နှာကျက်အမြင့်ကြီးပေါ်က ပြုတ်ကျတဲ့ဒဏ်ကြောင့် ဦးနှောက်လှုပ်ပြီး စားသမျှအန်နေရရှာတဲ့ သမီးလေးရဲ့အခြေအနေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် မင်းညီရဲ့ သမီးလေး အမြန်ဆုံးသက်သာနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)