ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးကရွေးချယ်တဲ့ အာရှထိပ်တန်းအနုပညာရှင် (၁၀၀)စာရင်းမှာပါဝင်လာခဲ့တဲ့ မြန်မာအနုပညာရှင်နှစ်ဦး

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ Top 100 Asia Digital Stars စာရင်းကတော့ ယမန်နေ့ကထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး အာရှနဲ့ ပစိဖိတ်ဒေသက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှု အများဆုံး အနုပညာရှင်တွေကို ရွေးချယ်ဖော်ပြတာ ဖြစ်ပါတယ်။




Forbes Asia’s 100 digital stars စာရင်းထဲမှာ စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ဟာ Hugh Jackman၊ Margot Robbie၊ Chris Hemsworth စတဲ့ ကမ္ဘာကျော် သြစတြေးလျသရုပ်ဆောင်များ၊ Black pink၊Twice၊ BTS , EXO စတဲ့ ကမ္ဘာကျော် ကိုရီးယားအဆိုတော်အဖွဲ့များ Lee Min Ho၊ Kim So-hyun၊ Lee Dong-wook၊ Ji Chang-wook ၊ Park Shin-hye၊ IU၊ Suzy စတဲ့ နာမည်ကြီးကိုရီးယားစတားများ၊ Amitabh Bachchan ၊ Shah Ruah Khun ၊ Akshay Kumar ၊ Ranveer Singh ၊ Anushka Sharma ၊ Katrina Kaif စတဲ့ ဘောလိဝုဒ်အကျော်အမော်များ၊ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်တွေဖြစ်တဲ့ Mario မင်းသမီး Davika တို့အပါအ၀င် တခြား Asia Pacific ရဲ့ နာမည်ကြီး အနုပညာရှင်များနဲ့အတူ ပါဝင်လာတာ ဖြစ်ပါတယ်။


ဒီအကြောင်းကိုတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုန်ရွှေရည်တို့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေက တဆင့် အခုလို မျှဝေလာခဲ့ကြတာပါ


“Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက် (၁၀၀) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကစ် ရွေးချယ်ခံရပါတယ်…ကစ်ကို ချစ်ခင်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုxo xo “ဆိုပြီး ဝတ်မှုံရွှေရည်က ပြောထားပါတယ်။



စိုင်းစိုင်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ “Forbes က အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကျွန်တော့်ကိုထည့်ထားတယ် ကျွန်တော့်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်မှာပဲ Thanks to my fans” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။



စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ကတော့ တကယ်ကို နာမည်ကြီးတဲ့ မဂ္ဂဇင်းကြီးတစ်ခုရဲ့ အာရှထိပ်တန်းအနုပညာရှင်များအဖြစ်သတ်မှတ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်နော် စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည်တို့အတွက် ဂုဏ်ပြုစကားလေးပြောခဲ့ကြပါအုန်းနော်

Writer – Magic (Shwe Yaung Myanmar)