အိမ်တွင်းအုန်းမဆွဲလို့ သမီးလေး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတယ်လို့ ဝေဖန်လာသူတွေကို တုံ့ပြန်ဆဲဆိုလိုက်တဲဲ့ သရုပ်ဆောင်မင်းညီ

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ


လတ်တလောမှာတော့ မင်းညီရဲ့သမီးလေးက မျက်နှာကြက်ပေါ်ကပြုတ်ကျလို့ ဦးနှောက်နဲ့အာရုံကြော အရေးပေါ်ဌာနမှာ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။မင်းညီကလည်း သမီးလေးရဲ့ဘေးနားမှာ အချိန်ပြည့်နေပေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။



မင်းညီရဲ့သမီးလေးကို အမြန်ဆုံးသက်သာလာစေဖို့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေက ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ သမီးလေးက အသက်အန္တာရာယ်စိုးရိမ်စရာမလိုတော့တာကြောင့် စိတ်ချရမယ့်အနေအထားဖြစ်သွားပါတယ်နော်။ 



အခုဆိုရင်တော့ မင်းညီက သူ့ရဲ့အိမ်မှာ အိမ်တွင်းအုန်းမဆွဲတာနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့သူတွေကို “အိမ်မှာ..အိမ်တွင်းအုန်းမဆွဲလို့… ငါ့သမီးခုလိုဖြစ်ရတာဆိုရင်… ငါ့ကိုအခု လာသတ်နိုင်ရင်..လာသတ်လိုက်…ငါက.. ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်မို့..မင်းတို့… စုန်းကဝေ၊အောက်လမ်းနည်း… အကုန်လုံးကို ယီး.. ပဲ..စောက်ဂရု..ကို.. မစိုက်ဘူး..ထပ်ပြောမယ်…. ယီးပဲ.အကောင့်ထဲ က ဂုဏ်သရေရှိ ပုဂ္ဂို လ် တွေကို အားနာလို့..လ… လုံးကြီးတင် ဆံမခတ်တာ မှတ်…..”ဆိုကာ သူ့ရဲ့ခံယူထားတဲ့စိတ်နဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်



မင်းညီကတော့ အိမ်တွင်းအုန်းမဆွဲလို့ သမီးလေး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတယ်လို့ ဝေဖန်လာသူတွေကို တုံ့ပြန်ဆဲဆိုလိုက်တာပဲဖြစ်ပါတယ်နော် မင်းညီရဲ့ တုံ့ပြန်ချက်ပေါ် ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ပြောခဲ့ကြပါအုန်းနော်