ခန္ဓာကိုယ် အချိုးအစားနဲ့ ပက်သတ်ပြီး ကိုယ့်ကို ကိုယ် ဝဋ်ကြွေးရှိတယ်လို့တောင် ခံစားရကြောင်း ရင်ဖွင့်လာတဲ့ သက်မွန်မြင့်

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။



သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။



ယနေ့မှာတော့ သက်မွန်မြင့်က သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သတ်ပြီး ကိုယ့်ကိုကိုယ် ဝဋ်ကြွေးရှိတယ်လို့တောင် ခံစားရကြောင်းပြောလာခဲ့တာဖြစ်ပါတယ်



မိဘမျိုးရိုးအရ ခန္ဓာကိုယ် ဖွံံ့ဖွံ့ထွားထွား နဲ့ အရပ်အမောင်ဒေါင်ကောင်းကောင်းလည်းရှိတဲ့ သက်မွန်မြင့်က ဒီကနေ့မှာတော့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သတ်ပြီး “လွန်ခဲ့တဲ့ ၈ နှစ်ကပုံ တက်လာတော့ ကိုယ့်ကိုကိုယ်တောင်တော်တော်သနားသွားတယ်။ အရိုးတွေပေါ့ ဒါမယ့် အဲ့တုန်းကလည်း ဝလို့တဲ့ အငတ်တွေခံရတာ ခံရတာဆိုတာ မသက်သာလိုက်တာများတစ်သက်လုံးကို ပိန်တယ် မဝဘူးဆိုတဲ့ခံစားမှုကို မရခဲ့ဖူးတာ ဝဋ်ကြွေးလေလားနော် ” ဆိုပြီး ပြောပြလာပါတယ်။



သက်မွန်မြင့်ကတော့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သတ်ပြီး ကိုယ့်ကိုကိုယ် ဝဋ်ကြွေးရှိတယ်လို့တောင် ခံစားရကြောင်းပြောလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)