ကြောင်လေးကို မျက်နှာကြက်ပေါ် အထိ လိုက်ခေါ်ရင်း အမြင့်ကြီးကနေ ပြုတ်ကျခဲ့တဲ့ သမီးလေးရဲ့ဗီဒီယိုကို ထုတ်ပြလိုက်တဲ့ မင်းညီ

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ



လတ်တလောမှာတော့ မင်းညီရဲ့သမီးလေးက မျက်နှာကြက်ပေါ်ကပြုတ်ကျလို့ ဦးနှောက်နဲ့အာရုံကြော အရေးပေါ်ဌာနမှာ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။မင်းညီကလည်း သမီးလေးရဲ့ဘေးနားမှာ အချိန်ပြည့်နေပေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။



မင်းညီရဲ့သမီးလေးကို အမြန်ဆုံးသက်သာလာစေဖို့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေက ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ သမီးလေးက အသက်အန္တာရာယ်စိုးရိမ်စရာမလိုတော့တာကြောင့် စိတ်ချရမယ့်အနေအထားဖြစ်သွားပါတယ်နော်။ 


အခုဆိုရင်တော့ မင်းညီက သမီးလေးပြုတ်ကျခဲ့တဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေနဲ့မိတ်ဆွေတွေ တွေ့မြင်ရအောင်လို့ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

တိရိစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့မင်းညီရဲ့သမီးလေးကတော့ တကယ့်ကို ကြောက်လန့်စရာအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)