သူမကိုယ်သူမ မကြည့်ချင်လောက်အောင် ကြည့်ရဆိုးနေခဲ့လို့ ပရိသတ်တွေနဲ့ မဆုံဖြစ်ရတဲ့အကြောင်း ပြောပြလာခဲ့တဲ့ သက်မွန်မြင့်

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။



သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။



လွန်ခဲ့တဲ့ (၂) နှစ်ကျော်ကတည်းက ကျန်းမာရေးအခြေအနေကြောင့် မကြာခဏ နေမကောင်းဖြစ်နေတဲ့ သက်မွန်မြင့်က လက်ရှိ ကိုဗစ်ကာလမှာလည်း နေမကောင်းဖြစ်တဲ့အချိန်တွေရှိနေတာပဲ ဖြစ်ပါတယ်။သက်မွန်မြင့်က နေမကောင်းတစ်ခါဖြစ်ရင် မျက်နှာကြီးတွေ၊ မျက်လုံးကြီးတွေ မို့အစ်ပြည့်ဖောင်းလာခဲ့တာကြောင့် သူမကိုယ်သူမ မကြည့်ချင်တဲ့အပြင် ပရိသတ်တွေလည်း ကြည့်ရမှာ အဆင်မပြေဖြစ်မှာစိုးတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။



မနေ့က ဒီဇင်ဘာလ (၉) ရက်နေ့မှာတော့ သက်မွန်မြင့်က လွမ်းနေကြတဲ့ သူမရဲ့ ပရိသတ်တွေအတွက် သတိတရ Live လွှင့်ပေးခဲ့ပြီး နေမကောင်းဖြစ်ရင်း ပြည့်ဖောင်းလာတဲ့ မျက်နှာအခြေအနေကြောင့် ပရိသတ်တွေရှေ့ရောက်မလာခဲ့ကြောင်း ပွင့်လင်းစွာ ပြောပြလာခဲ့တာပါ



သက်မွန်မြင့်ကတော့ သူမကိုယ်သူမ မကြည့်ချင်လောက်အောင် ကြည့်ရဆိုးနေခဲ့လို့ ပရိသတ်တွေနဲ့ မဆုံဖြစ်ရတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတငထပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)