အမှုကိစ္စတွေပြီးသွားတာနဲ့ မင်းရာဇာနဲ့ အနုပညာအလုပ်တွေဆက်လုပ်သွားမယ့်အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်မင်းဇော်

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။



ကိုဗစ်ကာလဖြစ်တာကြောင့် မင်းရာဇာတို့ ဇနီးမောင်နှံရဲ့ အမှုဟာ မပြီးသေးပဲ ထောင်ထဲမှာနေရတာပဲဖြစ်ပါတယ်။ကိုယ်ဝန်ကြီးနဲ့ မင်းရာဇာရဲ့ မိန်းမကတော့ ထောင်ထဲမှာကလေးမွေးဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။



ဒီအကြောင်းကို သရုပ်ဆောင် မင်းဇော်က  “မင်းရာဇာ ရဲ့ မိန်းမ က ထောင်ထဲမှာ ကလေး မွေးသွားပြီ ကြားတယ်။ ကြာသပတေး သား ယောက်ျားလေး ပါ။ အရှေ့ပိုင်း တရားရုံးမှာတုန်းက မင်းရာဇာ နဲ့ သွားတွေ့ဖြစ်တယ်။



သူ့ကို သူငယ်ချင်း တစ်ယောက် အနေ နဲ့ရော၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့ပါ တတ်နိုင်သမျှ ကူညီပေးသွားမယ်”လို့ ပြောလာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီး မင်းဇော်က ” သူ့အနေနဲ့ အားလုံး ပြီးသွားရင်တော့ အနုပညာ အတူတူ ပြန်လုပ်ကြဖို့ အားပေး ချင်တယ်” လို့လဲပြောလာခဲ့တာဖြစ်ပါတယ် “တကယ်လို့ ဒီကိစ္စတွေအကုန်လုံး ပြီးသွားရင်တော့ မင်းရာဇာကိုပြောထားပါတယ်



သူနဲ့အတူတူ အနုပညာအလုပ်တွေပြန်လုပ်မယ်ပေါ့သူ့ဘက်ကလည်း သူမှန်တဲ့အပိုင်းတွေအများကြီး ရှိတယ်လေ ကျွန်တော်ကတော့သူထွက်လာရင်လည်း ကူညီပေးသွားမှာပါ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်


သရုပ်ဆောင်မင်းဇော်ကတော့ မင်းရာဇာကို အမှုကိစ္စတွေပြီးသွားတာနဲ့ မင်းရာဇာနဲ့ အနုပညာအလုပ်တွေဆက်လုပ်သွားမယ့်အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)