ရွှေ အတုနဲ့အစစ် ခွဲခြားနည်းများ

ကြည့်ရှုနေကြတဲ့ ရွှေရောင်လမ်း ပရိတ်သတ်များ မဂ်လာပါ

တန်ဖိုးရှိတဲ့ သတ္တုလို့ပြောလိုက်တာနဲ့ လူတော်တော်များများက ရွှေလို့ပဲပြေးမြင်ကြမှာပါ။

ဘယ်လိုရတနာ ခပ်ဆန်းဆန်းတွေပေါ်လာပေါ်လာ ရွှေထည်ပစ္စည်းတွေကတော့ လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ သတ္တုအဖြစ် ရပ်တည်နေဆဲပါပဲ။

ရွှေထည်ပစ္စည်းတွေကို မြန်မာမှာသာမကပါဘူး ကမ္ဘာအရပ်ရပ်ကလူတွေကပါ စိတ်ဝင်စားကြပါတယ်။

ရွှေကို လက်ဝတ်ရတနာအဖြစ် မြတ်နိုးကြသူတွေရှိသလို ငွေဖြစ်လွယ်အားကောင်းတဲ့အတွက် ရွှေတုံးရွှေခဲများအဖြစ် ဝယ်စုကြတဲ့သူတွေလည်းရှိကြပါတယ်။

ဒါ့ကြောင့်ရွှေကို Safe_HavenAsset စီးပွားရေး ကပ်ကျော်ပစ္စည်းလို့လည်းဆိုကြပါတယ်။

တန်ဖိုးကြီးတဲ့ ရွှေထည်တွေကို အတုနဲ့အစစ်ဘယ်လိုခွဲခြားရမယ်ဆိုတာ ဝေဝါးနေတဲ့သူတွေအတွက် ရွှေအတုနဲ့အစစ် ခွဲခြားလို့ရတဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

လက်တွေ့အသုံးဝင်မယ့်နည်းလမ်းတွေဖြစ်တဲ့အပြင် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ခွဲခြားနည်းလေးတွေဖော်ပြထားတာဖြစ်လို့ အဆုံးအထိကြည့်ရှုပေးကြပါဦးနော်။

ရွှေအစစ်နဲ့အတုခွဲခြားရာမှာ ရွှေရဲ့ သိပ်သည်းဆကိုစစ်ဆေးတဲ့နည်းလမ်းတွေ နိုက်ထရစ်အက်ဆစ်သုံးပြီး စစ်ဆေးတဲ့နည်းလမ်းတွေအပြင် ငရဲမီးကိုသုံးပြီးရွှေစစ်မစစ် စမ်းသပ်တဲ့နည်းလမ်းတွေရယ်ဆိုပြီး မျိုးစုံရှိပါတယ်။

ကြီးကြီးမားမားမဟုတ်ဘဲ အိမ်တွင်းနည်းလေးတွေနဲ့စမ်းသပ်ချင်သူတွေများအတွက် အချိန်ကုန်ငွေကုန်သက်သာစေမယ့် ရွှေအတုနဲ့အစစ်ခွဲခြားနည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့တင်ဆက်ပေးမယ့် ရွှေအတုနဲ့အစစ်ခွဲခြားဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သံလိုက်ဖြင့်စမ်းသပ်နည်း ပဲဖြစ်ပါတယ်။

သတ္တုတော်တော်များများမှာ သံလိုက်ဓာတ်ရှိပေမယ့် တကယ့်ရွှေအစစ်ကတော့ သံလိုက်ဓာတ်မရှိပါဘူး။

ဒါ့ကြောင့် သင့်မှာ ဆွဲအားကောင်းတဲ့ သံလိုက်တစ်ခုရှိရုံနဲ့ သင့်ရွှေဟာ အစစ်လား အတုလားဆိုတာကို ခွဲခြားနိုင်ပါတယ်။

သံလိုက်ဆွဲအားဟာ သင့်ရွှေထည်အပေါ်သက်ရောက်မှုမရှိဘူးဆိုရင်တော့ ဒါကိုရွှေအစစ်လို့သတ်မှတ်လို့ရပါပြီ။

နောက်ထပ်လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ ရှာလကာရည်ကိုအသုံးပြုပြီးစမ်းသပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

ဒီနည်းလမ်းအတွက်တော့ ရှာလကာရည် အများကြီးအသုံးပြုစရာမလိုအပ်ပါဘူး။

ရွှေပေါ်ကို ရှာလကာရည်အစက်အနည်းငယ် ချကြည့်ချိန်မှာ ရွှေရဲ့အရောင်ပြောင်းသွားမယ်ဆိုရင်တော့ ဒါဟာ ဘယ်နည်းနဲ့မှရွှေအစစ်မဖြစ်နိုင်တော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ရွှေဟာ ရှာလာရည်လောင်းချချိန်မှာ အရောင်မပြောင်းလဲတဲ့ သတ္တုတစ်ခုဖြစ်တဲ့အတွက်ပါပဲ။

White VINEGAR လို့ခေါ်တဲ့ ရှာလကာရည်ထဲကို ရွှေထည်ကို ၁၅ မိနစ်ထားမယ်ဆိုရင် ရွှေထည်အစစ်ဟာပိုမိုတောက်ပြောင်လာတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

နောက်ထပ်မုန့်ဖုတ်ဆော်ဒါကိုအသုံးပြုပြီးလည်း ရွှေကိုစမ်းသပ်လို့ရပါသေးတယ်။

မုန့်ဖုတ်ဆော်ဒါနဲ့ရောမွှေထားတဲ့ရေထဲမှာ ရွှေထည်ကို ခဏတာစိမ်ပြီး တစ်ရှူးနှင့်ဖြစ်စေ အဝတ်စနဲ့ဖြစ်စေ သုတ်ကြည့်ပါ။

ရွှေထည်ဟာ ဆော်ဒါနဲ့ ဓာတ်ပြုပြီးရွှေစလေးတွေ ကွာကျနေတာကိုမြင်တွေ့ရပြီဆိုရင်တော့ ဒါဟာရွှေအစစ်မဟုတ်တာသေချာနေပြီလို့ဆိုရမှာပါပဲ။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရှေ့မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေထက်ကို ပိုအချိန်ယူရမယ့်နည်းလမ်းလေးဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်းလေးကတော့ လက်ဝတ်ရတနာအဖြစ်ဖန်တီးထားတဲ့ရွှေတွေအတွက် ပိုအသုံးဝင်တယ်လို့ဆိုနိုင်ပါတယ်။

အဲ့ဒါကတော့ သင့်အသားအရည်ရဲ့ပြောင်းလဲပုံကို ကြည့်ပြီးခွဲခြားတဲ့နည်းလေးပဲဖြစ်ပါတယ်။

ရွှေအစစ်ဟာဝတ်ဆင်သူရဲ့အသားအရည်ကို အရောင်မပြောင်းလဲစေပါဘူး။

သင်ဝတ်ဆင်ထားတဲ့လက်ဝတ်ရတနာကြောင့် အချိန်ကာလတစ်ခုကြာတဲ့အခါ သင့်အသားအရည် စိမ်းပြာရောင်ဘက်ပြောင်းလဲသွားခဲ့တယ်ဆိုရင် သင်ဝတ်ဆင်ထားတဲ့ ရွှေထည်ဟာ အစစ်မဟုတ်ဘူးလို့ပဲ စိတ်မကောင်းစရာ ဆိုရမှာပါပဲ။

နောက်ထပ်တစ်နည်းကတော့ ရေတွင်ပေါ်မပေါ်စမ်းသပ်ခြင်းဖြစ်ပါတယ်။

ဒါကတော့ စမ်းသပ်နည်းတွေထဲမှာ သင့်ရွှေထည်ကိုမထိခိုက်စေပဲ ရိုးရိုးရှင်းရှင်းနဲ့လွယ်လွယ်ကူကူသိနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

ပန်းကန်လုံး သို့မဟုတ် ဖန်ခွက်ထဲကိုရေအပြည့်ထည့်ပြီး ထိုခွက်ထဲကို သင့်ရွှေထည်ထည့်ကြည့်ပါ။

အကယ်၍သာ သင့်ရွှေထည်မြုပ်သွားခဲ့ရင် ဒါရွှေအစစ်ဖြစ်တာသေချာပါပြီ။

ဘာကြောင့်လဲဆိုတော့ ရွှေရဲ့သိပ်သည်းဆဟာ ရောရဲ့သိပ်သည်းဆထက်များတဲ့အတွက် ရွှေထည်အစစ်ဟာ ရေမျက်နှာပြင်ရဲ့ အောက်ခြေအထိ နစ်မြုပ်သွားတာပဲဖြစ်ပါတယ်။

ရွှေထည်ပစ္စည်းတွေဟာ တချွင်ချွင်မြည်လေ့မရှိပါဘူး။ ဒါ့ကြောင့် သင့်ရွှေဟာ တချင်ချွင်မြည်နေပြီဆိုရင်တော ဒါဟာ သတ္တုတစ်ခုခုရောထားတာကြောင့် ဖြစ်မယ်ဆိုတာ သတိထားသင့်ပါတယ်။

နောက်ထပ်နည်းလမ်းလေးကတော့အက်စစ်ကိုအသုံးပြုပြီးခွဲခြားနည်းလေးပဲဖြစ်ပါတယ်။

သင်စမ်းသပ်ချင်တဲ့ရွှေအတုံးအစပေါ်ကို အက်စစ်အနည်းငယ်အသုံးပြုပြီးတော့လည်းရွှေစစ်မစစ် စမ်းသပ်နိုင်ပါသေးတယ်။

နိုက်ထရစ်အက်စစ်အနည်းကိုယူပြီး ရွှေပေါ်လောင်းချကြည့်ကာ အချိန်အနည်းငယ်စောင့်ပေးပါ။

ရွှေအတုဟာ အက်စစ်ချလိုက်လိုက်တဲ့နေရာမှာ နိုက်ထရစ်အက်စစ်နဲ့ဓာတ်ပြုပြီး အစိမ်းရောင်အဖြစ်ပြောင်းလဲသွားမှာကို သင်တွေ့ရမှာပဲဖြစ်ပါတယ်။

အကယ်၍ ငွေပေါ်ကို ရွှေမှုတ်ထားတဲ့ ရွှေထည်အတုတွေဆိုရင်တော့ နို့နှစ်ရောင်ပြောင်းသွားမှာဖြစ်မယ်လို့ စမ်းသပ်ချက်တွေက ဖော်ပြထားပါတယ်။

Ascetic acid နဲ့စစ်ဆေးရင်တော့ ရွှေအစစ်က အရောင်ပိုတောက်လာပြီး ရွှေအတုကတော့ အက်စစ်နဲ့ဓာတ်ပြုကာအရောင်ပြောင်းသွားမှာပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပရိသတ်ကြီးလည်း ရွှေအတုနဲ့ရွှေအစစ် ဘယ်လိုခွဲရမလဲဆိုတဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အသုံးပြုတတ်ကြပြီလို့ ယူဆပါတယ်။

အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်နော်

ရွှေရောင်လမ်း
Writer – LLA