ကိုဗစ်ကာကွယ်းဆေးထိုးပြီးရင် ၂ လတိတိရှောင်ကြဉ်ရမယ့် ထူးခြားလှတဲ့ တားမြစ်ချက်တစ်ခုကို သတိပေးလာတဲ့ လွင်မိုး

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။



အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။လွင်မိုးက အိမ်မှာနေထိုင်ရင်းနဲ့ သူဝါသနာပါတဲ့အလုပ်လေးတွေကို အေးအေးဆေးလုပ်ကိုင်ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ လွင်မိုးက သူ့ရဲ့လှုပ်ရှားမှုတွေ လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးတတ်တာဖြစ်ပြီး အခုလည်း အားလုံးသိသင့်တဲ့ကိစ္စလေးတစ်ခုကို ပြောပြထားတာ ဖြစ်ပါတယ် ။



လွင်မိုးက ” အမျိုးတို့​ရေ ရုရှားထုတ် Covid..19 ကာကွယ်ဆေးထိုးပြီး..(၂)လ အရက်​သောက်လို့မရဘူးတဲ့..” ဆိုပြီး သူ့ရဲ့Facebook Account မှာ ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ လွင်မိုးကတော့ Covid 19 ကာကွယ်ဆေးထိုးပြီးရင် ဆင်ခြင်ရမယ့် အရာလေးတစ်ခုကို သူသိထားတဲ့အတိုင်း ပြောပြလိုက်တာပဲ ဖြစ်ပါတယ် ။ 




လွင်မိုးကိုယ်တိုင်တင်ထားတဲ့ ဗဟုသုတအကြောင်းအရာလေးကို ချစ်ပရိသတ်တွေလည်းသိရှိနိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)