သားငယ်လေးကိုကိုးကို အောင်သူ့ကိုပါ ထိန်းခိုင်းရတဲ့အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ပိုးအိအိခန့်

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူနဲ့အတူ နှစ်ယောက်တစ်ဘဝတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ သူမတို့နှစ်ဦးက ချစ်စရာကောင်းတဲ့ သားသားလေး သဲကိုးကိုလည်း မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် သားသားလေး သဲကိုးက ၁နှစ်ကျော် အရွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။



ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ပိုးအိအိခန့်က သားလေးကိုကိုး ကို သူမတင်မက ခင်ပွန်းဖြစ်သူကိုပါ ထိန်းကြောင်းခိုင်းတယ်လို့ ဆိုပါတယ်။ မိခင်ရဲ့ နွေးထွေးမှုကို သိရှိပြီးသား ကလေးတစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူရဲ့ နွေးထွေးမှုကိုလည်း သိစေချင်တယ်လို့ ဆိုလာခဲ့တာပါ



“ ကိုအောင်သူ့ကိုလည်း ကလေးထိန်းခိုင်းတယ်ဆိုတာကလေးနဲ့ ရင်းနှီးမှုပိုရစေချင်တယ်။ အမေ နဲ့သာမက ဖခင်နဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေးကို ဖြစ်စေချင်တာ။ ကိုအောင်သူကလည်း ကလေးကို မွေးကတည်းက ထိန်းပေးလာတဲ့ အဖေ ဆိုတော့ အခုချိန်မှာ ကလေးက အဖေကိုရော၊ အမေ ကိုရော ကပ်တယ်၊



အဖေ အနားမှာ မရှိရင်လည်း သူမနေတတ်ဘူး၊ အမေ အနားမှာ မရှိရင်လည်း အော်တယ် အမှန်အတိုင်းပြောရရင် သူတို့အရွယ်တွေက စိမ်းစိမ်းစိုစိုလေးတွေ ပြရမယ့် အရွယ်၊ အပြင် ဗဟုသုတလေး တွေ သိရမယ့် အရွယ်ဆိုတော့ ခဏတဖြုတ်တော့ ပန်းခြံကို ခေါ်သွားတာမျိုးရှိတယ်။ သူက ဂျီကျတတ်တဲ့ ကလေး တစ်ယောက်တော့ မဟုတ်ပါဘူး။ ကလေးတိုင်းက ဒီအရွယ်မှာ လေ့ကျင့်ပေးလို့ရှိရင် မှတ်သားနိုင်တဲ့ အားက အရမ်းကောင်းတယ်။ အခု အရွယ်မှာတော့ သူ့ရဲ့ ဝါသနာကိုလည်း ပြောရခက်တယ်။



သူတို့ အတွက် ဘာပဲ မြင်မြင် အသစ်အဆန်းတွေချည်းပဲ၊ ဘောလုံးလေး ပြလိုက်ရင်လည်း အဆန်းဖြစ်နေလိမ့်မယ်၊ သီချင်းလေး ဖွင့်ပြလိုက်ရင်လည်း သူတို့ နားထောင်မှာပဲ။ သူတို့ကို ဘာလေးပဲ ပေးလိုက် ပေးလိုက် သူတို့ အတွက် သဘောကျစရာလေးတွေပဲ ဖြစ်နေမှာပါ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်ပိုးအိအိခန့်ကတော့ အောင်သူကို ကလေးထိန်းခိုင်းရတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)