သူမရဲ့ဂေဟာရှေ့မှာ ကလေးငယ်တစ်ယောက်ကို ရက်ရက်စက်စက်လာရောက်စွန့်ပစ်ခဲ့တဲ့အကြောင်းပြောပြလာခဲ့တဲဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးလို့ ပရိသတ်တွေခေါ်ဆိုရလောက်အောင် ပရဟိတအလုပ်တွေကို ဆက်တိုက်ဆောင်ရွက်နေသူတစ်ဦးပါ ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ယနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ အဆောင်ရှေ့မှာ မွေးကင်းစ ကလေးလေးကို အိတ်ထဲထည့်ပြီး စွန့်ပစ်သွားခဲ့တဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်


“ဒီနေ့ မနက် ၅ နာရီလောက်မှာ ကျမရဲ့ ဂေဟာ အရှေ့ မှာ မွေးကာစ သမီးလေး တစ်ယောက်ကို လာရောက် စွန့်ပစ်သွားပါတယ်..ကလေးငိုသံကြားလို့ ထွက်ကြည့် တဲ့ အခါ သမီးလေးကို အေးစက်ပီး ငိုနေတာတွေ့ရပါတယ်..စိတ်လဲ မကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တိုမိပါတယ်.


ကျမ ဂေဟာရှေ့လာပစ်တာ ကျမဆီရောက်စေချင်လို့ ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဘို့ တောင်းပန်ပါတယ်..ကလေးတွေက အရမ်းနုနေတဲ့ ချိန်မှာ ဆောင်းတွင်းဖြစ်တာရယ် အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေ ဖြစ်ပီး ကလေး အသက် ဆုံးရှူံးနိုင်ပါတယ်..စုံစမ်းမေးမြန်းစရာတွေ စုံစမ်းပီး သမီးလေးကို ကျမတို့ “ခိုင် ” မိသားစု ဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေး အဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင် …


ခိုင်နှင်းဝေကတော့ သူမရဲ့ဂေဟာရှေ့မှာ ကလေးငယ်တစ်ယောက်ကို ရက်ရက်စက်စက်လာရောက်စွန့်ပစ်ခဲ့တဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)