
ကြည့်ရှုနေကြတဲ့ ရွှေရောင်လမ်း ပရိတ်သတ်များ မဂ်လာပါ
ဒီတစ်ခေါက်မှာတော့ အိမ်တိုင်း အိမ်တိုင်းမှာ အသုံးပြုနေကြတဲ့ သွားတိုက်ဆေးရဲ့အသုံးဝင်ပုံတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
သွားတိုက်ဆေးကို သွားများခိုင်ခန့်သန့်ရှင်းစေဖို့အတွက်သာမက အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေကို သန့်စင်ဖို့အတွက်ပါသုံးလို့ရပါတယ်။
ဒါ့အပြင် ပျိုမေတို့အတွက် အလှအပပိုင်းဆိုင်ရာမှာလည်း လွယ်ကူအသုံးဝင်တဲ့ သွားတိုက်ဆေးရဲ့အသုံးပြုပုံလေးတွေကို အသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ အဆုံးထိကြည့်ရှုပေးကြပါဦးနော်။
ပထမဆုံးအနေနဲ့ သွားတိုက်ဆေးကိုအသုံးပြုပြီး နှုတ်ခမ်းသားရွှန်းစို နူးအိစေမယ့် နည်းလမ်းလေးကိုဖော်ပြပေးမှာဖြစ်ပါတယ်။
သွားတိုက်ဆေးကို နှုတ်ခမ်းပေါ်သုတ်လိမ်းပြီး သွားတိုက်တံနဲ့ခပ်ဖွဖွလေးတိုက်ပေးပါ။
စက္ကန့် ၃၀လောက်အကြာမှာတော့ နှုတ်ခမ်းသာလေးကို ရေဆေးလိုက်မယ်ဆိုရင် ပန်းရောင်သန်းပြီး နူးညံ့သွားတဲ့နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။
နှဖူးထက်ကအရေးအကြောင်းတွေအပေါ်ကိုသွားတိုက်ဆေး သုတ်လိမ်းပေးပြီး တစ်ညတာအိပ်စက်အနားယူပေးမယ်ဆိုရင်
တွန့်နေတဲ့နှဖူးထက်ကအရေးအကြောင်းတွေ သက်သာလာမှာပဲဖြစ်ပါတယ်။
သွားဝါနေသူများအတွက် သွားတိုက်ဆေးကို
မုန့်ဖုတ်ဆိုဒါနှင့်ရောပြီး အချိန်အတန်ကြာတိုက်ပေးမယ်ဆိုရင်
သွားဝါခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။
သင့်ရဲ့ရှူးဖိနပ်ညစ်ပတ်နေပြီဆိုရင်တော့ သွားတိုက်ဆေးကို ရေစွတ်ပြီး ဖိနပ်အပေါ်ကို ပွတ်တိုက်ပေးလိုက်ပါ။
ခဏကြာတဲ့အခါ သဘက် သို့မဟုတ် အဝတ်စနဲ့ ဖိနပ်ကိုသုတ်ပေးလိုက်မယ်ဆိုရင် သိသိသာသာ ဝင်းလက်သွားတဲ့ ဖိနပ်လေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
သင့်ရဲ့မျက်မှန် မှုန်ဝါးပြီးကြည့်မကောင်းဖြစ်နေတယ်ဆိုရင်တော့ ဒီ့အတွက်စိတ်မညစ်နေပါနဲ့တော့။
သွားတိုက်ဆေးအနည်းငယ်အသုံးပြုရုံနဲ့ ဒီပြဿနာကိုဖြေရှင်းလို့ရနေပြီပဲဖြစ်ပါတယ်။
သွားတိုက်ဆေးကို မျက်မှန်ပေါ်သုတ်လိမ်းပေးပြီး ခဏအကြာ ရေဖြင့်ဆေးကြောလိုက်ပါ။
သင့်ရဲ့မျက်မှန် တောက်ပလင်းလက်သွားမှာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
သင့်ရဲ့လက်စွပ် မဲညစ်ညစ်ဖြစ်နေပြီဆိုရင်လည်း ဒီပြဿနာကို ရေနဲ့သွားတိုက်ဆေးကိုသုံးပြီး ဖြေရှင်းလို့ရနေပါပြီ။
ရေထဲကို သွားတိုက်ဆေးအနည်းငယ်ထည့်ပေးပြီး သမအောင်မွှေပေးပါ။
ထိုရေထဲမှာ လက်စွပ်ကို ၁နာရီကြာအောင် ထည့်ထားပါ။
တစ်နာရီကြာပြီးနောက်မှာတော့ အသစ်အတိုင်းဝင်းလက်သွားတဲ့လက်စွပ်လေးကို သင်ပိုင်ဆိုင်ရပြီပဲဖြစ်ပါတယ်။
နောက်ထပ် အလှအပရေးရာအတွက် သွားတိုက်ဆေးရဲ့အသုံးဝင်ပုံလေးတွေလည်း ရှိပါသေးတယ်။
မျက်နှာပေါ်မှာ ဝက်ခြံပေါက်လို့စိတ်ညစ်နေရပြီဆိုရင်တော့ ညအိပ်ခါနီးအချိန်မှာ သွားတိုက်ဆေးအနည်းငယ်ကို ဝက်ခြံပေါက်နေတဲ့အသားအရေပေါ် အစက်လေးတို့ပေးပါ။
ပြီးရင်တော့ အဲဒီ့အစက်ကလေးပေါ်မှာ တစ်ရှူးစလေးကပ်ပြီး အိပ်စက်လိုက်ပါ။ မနက်မိုးလင်းတဲ့အခါမှ မျက်နှာကိုဆေးချလိုက်ပါ။ ညတွင်းချင်းထိရောက်မှုကို မျက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဝက်ခြံကို သွားတိုက်ဆေးနဲ့ပျားရည်ကိုရောပြီး သုတ်လိမ်းခြင်းဖြင့်လည်း Scrub လုပ်သလိုသက်ရောက်မှုခံစားရမှာဖြစ်ပါတယ်။
တကယ်လို့ သင့်ရဲ့မျက်လုံးအောက်နေရာတွေ မျက်နှာပေါ်တွေမှာ အမည်းစက်တွေရှိနေတယ်ဆိုရင် သွားတိုက်ဆေးကိုအသုံးပြုပြီး သက်သာပျောက်ကင်းစေမယ့်နည်းလမ်းလေးကို အကြံပေးချင်ပါတယ်။
သွားတိုက်ဆေးအနည်းငယ်ကို ခရမ်းချဉ်သီးအနှစ် အနည်းငယ်နဲ့ ရောစပ်ပြီး အမည်းစက်ရှိတဲ့နေရာကိုလိမ်းကာ ၁၅မိနစ်ခန့်ထားပါ။
၁၅မိနစ်ကြာပြီးနောက် သင့်ရဲ့မျက်နှာကို ကြက်သီးနွေးရေလေးနဲ့ သစ်ပေးပါ။
ဒီလိုလုပ်ပေးခြင်းဖြင့် သင့်ရဲ့မျက်နှာက အမည်းစက်တွေသက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။
သင့်ရဲ့မေးစေ့နဲ့ နှာခေါင်းနားမှာ အသားတွေခြောက်ပြီး ကြမ်းနေတယ်ဆိုရင်တော့ သွားတိုက်ဆေးနဲ့ဆားကိုအသုံးပြုပြီးအလွယ်တကူ ဖြေရှင်းလို့ရပါတယ်။
သွားတိုက်ဆေးအနည်းငယ်နဲ့ဆားအနည်းငယ်ကိုသမအောင်မွှေပြီး
အသားခြောက်နေတဲ့နေရာကို ရေစိုဝတ်လေးနဲ့ပွတ်ပါ။
ရေစိုဝတ်လေးနဲ့စက်ဝိုင်းပုံလိမ်းပြီး ခဏကြာရင်တော့ ရေနွေးနဲ့ဆေးချပေးပါ။
နှာခေါင်းကအမဲစက်တွေကြောင့်စိတ်ညစ်နေရတဲ့သူတွေအတွက်လည်း
သွားတိုက်ဆေးကိုအသုံးပြုပြီး ထိရောက်တဲ့အိမ်တွင်းကုထုံးလေးကို တင်ဆက်ပေးချင်ပါတယ်။
သွားတိုက်ဆေး ဆား နဲ့ ရေအနည်းငယ်တို့ကိုရောမွှေထားပါ။
ရေနွေးခွက်လေးထဲကို ရေအနည်းငယ်ထည့်ပြီး နှာခေါင်းကို ရေနွေးငွေ့ခံပေးပါ။
ခဏနေရင်တော့ ခုနကရောမွှေထားတဲ့ သွားတိုက်ဆေးကိုသုတ်လိမ်းပေးရပါမယ်။
အချိန်ခဏကြာပြီးနောက် ရေနွေးလေးနဲ့သစ်ချပြီး ရေခဲတုံးလေးနဲ့နှာခေါင်းကိုပွတ်ပေးပါ။
သင့်ကိုစိတ်ဒုက္ခပေးမယ့် နှာခေါင်းထက်ကအမဲစက်တွေ လုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်။
ဆံပင်ကောက်လိုက် ဖြောင့်လိုက် ခဏခဏလုပ်မိတဲ့အတွက် ဆံသားပျက်စီးလို့ စိတ်ညစ်နေတဲ့ပျိုမေတွေ
ဆံသားနှစ်ခွဖြစ်လို့ စိတ်ညစ်နေကြသူတွေအတွက် လွယ်ကူထိရောက်တဲ့နည်းလမ်းလေးတစ်ခုကိုအကြံပြုပါရစေ။
အဲ့တာကတော့ ငှက်ပျောသီးတစ်လုံးကို အနှစ်ဖြစ်တဲ့အထိ ချေပါ။
ထိုငှက်ပျောသီးနှစ်ထဲကို သွားတိုက်ဆေးအနည်းငယ် ရောမွှေပေးပါ။
ဒီအနှစ်လေးကို သင့်ဆံသားထက်မှာ ခေါင်းမလျှော်ခင်သုတ်လိမ်းပေးရုံနဲ့
ဆံသားပျက်စီးမှုဒဏ်ကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ သွားတိုက်ဆေးနဲ့ တခြားပစ္စည်းလေးတွေကို လွယ်လွယ်ကူကူအသုံးပြုပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို စုံစုံလင်လင်ဖော်ပြပေးထားပြီးပြီဖြစ်လို့ ပရိသတ်ကြီးအတွက်လည်း အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ရွှေရောင်လမ်း
Writer – LLA