ဒုတိယမြောက်ရင်သွေးလေးကို နိုင်ငံရပ်ခြားမှာသွးရောက်မွေးဖွားမယ့်အကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ချမ်းချမ်းကတော့တစ်ကိုယ်တော်အခွေ အယ်လ်ဘမ်များထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးမှုကိုရရှိနေတာပါ



ယခုရက်ပိုင်းမှာတော့ ချမ်းချမ်းက သူမရဲ့ အတူနေနိုင်ငံခြားသားချစ်သူနဲ့ သူမအတွက် ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးထားခဲ့တာဖြစ်ပါတယ် မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ချမ်းချမ်းက သူမရဲ့ ဒုတိယမြောက်ရင်သွေးလေးကို နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ မွေးဖွားသွားမယ့်အကြောင်း အသိပေးလာခဲ့တာပါ


“ အစ်မကတော့ ကလေးကို ကိုယ့်မြန်မာနိုင်ငံမှာပဲ ကိုယ်မွေးချင်တာပါ။ ဒါပေမယ့် ဘာအခက်အခဲရှိသလဲ ဆိုတော့ ပထမကလေးတုန်းက အစ်မက ခွဲမွေးထားတာ ဒီ့အတွက် ဒုတိယအကြိမ်လည်း ခွဲမွေးရမှာပဲ။ ဒါပေမယ့် အစ်မ ခင်ပွန်းက ကျန်းမာရေးအရကြည့်ရင် ခွဲစိတ်တာတွေ မဖြစ်စေချင်တော့ဘူး။ ရိုးရိုး မွေးမယ်ဆိုရင် တစ်ပတ်၊ ၁၀ ရက်လောက်ဆို အနာကျက်ပြီ၊ တစ်လလောက်ဆို လမ်းလျှောက်နိုင်ပြီ။



ဒါကို သူ ကြိုးစားကြည့်မယ် အီတလီနိုင်ငံကလည်း ကမ္ဘာမှာ ကျန်းမာရေးနဲ့ ပတ်သက်လာရင် နံပတ်(၁)၊ System တွေ အရမ်းကောင်းတယ်၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ကုသပေးတယ်၊ လူတွေ လက်လျှော့လိုက်တဲ့ အရာတွေကို သူတို့က တာဝန်ယူပြီး ဖြေရှင်းပေးနိုင်တဲ့အတွက် စိတ်ချရတယ်။ ဒါကြောင့် ရိုးရိုး မွေးဖို့ ဆုံးဖြတ်လိုက်တယ်” လို့ သူက ဆိုပါတယ်။ 



“အစ်မရဲ့ ယောက္ခမတွေက အသက်လည်း ကြီးပြီ၊ မြန်မာနိုင်ငံကို မလာနိုင်တဲ့ အတွက်ကြောင့် သူတို့ရဲ့ မြေးကို မြင်ချင်ကြတယ်၊ ဒီ့အတွက် အစ်မ ဟိုနိုင်ငံကို သွားပြီး မွေးတော့မှ သူတို့က အစ်မကို စောင့်ရှောက်ပေးလို့ရမယ်၊ သူတို့လည်း ကလေးကို မြင်ရမယ်။ အစ်မက ကလေးမွေးပြီးရင် ပြန်လာလို့ရတာပဲလေ ဆိုပြီးတော့ အမျိုးသားနဲ့ တိုင်ပင်ပြီးတော့ အီတလီနိုင်ငံမှာ မွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ အစ်မ အမျိုးသားက ပါတိုဘာပနူးမီးယားက ဆိုတော့ အဲဒီမြို့မှာရှိတဲ့ ဆေးရုံမှာပဲ မွေးမှာပါ။ ကိုယ်ဝန်က (၅) လရှိပြီ။ ဧပြီလ(၁၅) ရက်နေ့မှာ မွေးမှာပါ။ ပထမပတ်နဲ့ ဒုတိယပတ်လောက်တော့ ဖြစ်နိုင်တယ်။ ရက်ကတော့ အန်ထရာဆောင်း ရိုက်ပြီးမှ ပြန်ကြည့်ရမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်



ချမ်းချမ်းကတော့ သူ့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို အီတလီမှာမွေးဖွားမယ့်အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)