ချစ်သူ ကောင်မလေးကို အလင်းပြလိုက်ပြီဖြစ်တဲ့ တေးသံရှင် ရာဝန

အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ရာဝနကတော့တစ်ကိုယ်တော်အခွေ အယ်လ်ဘမ်ထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးမှုကိုရရှိနေတာပါ



သူ့ရဲ့ Answer သီချင်းခွေကတော့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာဖြစ်ပြီး Answer ခွေကိုထွက်တဲ့နေ့က ချစ်သူကောင်မလေးဆီက အဖြေရခဲ့လို့ ချစ်သူရဲ့ပုံလေးကို သေရာပါတက်တူးထိုးခဲ့တာဖြစ်ပါတယ်



ယနေ့မှာတော့ လူအများစိတ်ဝင်စားနေတဲ့ သူ့ချစ်သူကောင်မလေးရဲ့ပုံရိပ်လေးကို ချပြလာခဲ့တာဖြစ်ပါတယ် She’s my world ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သူကောင်မလေးနဲ့ အတူတွဲရိုက်ထားတဲ့ စုံတွဲပုံလေးတွေကို ပရိသတ်တွေကို ချပြလိုက်တာပါ

ပရိသတ်တွေကတော့ ရာဝနရဲ့ ချစ်သူကို အရမ်းချစ်ဖို့ကောင်းကြောင်းနဲ့ သူတို့စုံတွဲလေးကို လိုက်ဖက်ကြောင်း ကြည်နူးဖွယ် မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ ရာဝနနဲ့ပရိသတ်တွေအတွက်လည်း စုံတွဲပုံရိပ်လေးတွေကိုတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Writer – Magic(Shwe Yaung Myanmar)