မင်းသမီးဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံရတဲ့ အကြောင်း ဝမ်းနည်း မျက်ရည်တွေနဲ့ ပြောပြလာတဲ့ ဝေလာရီ

ဝေလာရီ ကတော့ “နှင်းဆီ”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုကြောင့် အောင်မြင်လာတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။သူမဟာဆိုရင် ဇာတ်လမ်းတွဲတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်မှုကို ရရှိလာလျက်ရှိပါတယ်။


သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။လတ်တလောမှာတော့ သူမဟာဆိုရင် ရှုတင်ရပ်နားထားချိန် Online Saleရောင်းဝယ်ရေး ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတာ ကိုလည်းတွေ့ရမှာပါပဲနော်။



ယခုရက်ပိုင်းမီဒီယာ​တွေ့ဆုံမှုတစ်ခုမှာတော့ ဝေလာရီက မင်းသမီးဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံရတဲ့ အကြောင်းကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာတာပဲဖြစ်ပါတယ်။ ဝေလာရီက ” “ဘဝမှာ မင်းသမီး နေရာကနေ သရုပ်ဆောင်ခွင့် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။



အလုပ်တွေ အများကြီး လုပ်ရပြီး၊ ဝင်ငွေတွေ ရှာနိုင်လိမ့်မယ်လို့လည်း မထင်ထားဘူး။ မင်းသမီး ဖြစ်ပြီး ရုပ်လည်း မချော၊ ခန္ဓာကိုယ်လည်း မလှတော့ အရမ်း ဝေဖန်ခံ ခဲ့ရတယ်။ မျက်လုံး စောင်းနေတယ်.. ခါးတုတ် တယ် လို့ အမျိုးမျိုး Shaming လုပ်ကြတော့ စိတ်ထိခိုက် ခဲ့ရတယ်” လို့ ပြောလာခဲ့ပါတယ်။



“အဲ့လိုမျိုးတွေအရမ်းပြောကြတော့ နောက်ပိုင်းကြတော့ အဲ့လိုလိုက်မကြည့်တော့ဘူး လစ်လျူရှုနိုင်အောင်ကြိုးစားတယ် ပြီးတော့ လူ့ဘဝကြီးမှာလည်း လူတိုင်းမှာ သူ့အလှနဲ့သူ ရှိကြပါတယ် တချို့ရုပ်ရည် အဓိကထားကြည့်ကြတဲ့သူတွေရှိသလို ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေ အရည်အချင်းတွေကို ကြည့်ပြီးတော့မှ အားပေးတဲ့ပရိသတ်တွေရှိနေတဲ့အတွက်ကြောင့် အဓိကအားဖြင့် အခုဝိတ်ချနေပါတယ် နောက်ထပ် ဇာတ်ကားတွေကျရင်တော့ ဘော်ဒီအမိုက်စားနဲ့ သရုပ်ဆောင်ပေးပါ့မယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်



ဝေလာရီကတော့ မင်းသမီးဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံရတဲ့ အကြောင်းကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)