
ကြည့်ရှုနေကြတဲ့ ရွှေရောင်လမ်း ပရိတ်သတ်များ မဂ်လာပါ
အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေးဖြစ်ပါတယ်။
အိမ်မြောင်စုတ်ထိုးသံကြားရတဲ့အခါ အများစုက မသိသလိုပဲနေတတ်ကြပါတယ်။
တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့နေရာအပေါ်မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါဟာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတော်တော်များများကလည်း ဒီလိုပဲယုံကြည်ထားကြပါတယ်။
ဖိလစ်ပိုင်မှာတော့ အိမ်မြောင်စုတ်ထိုးသံကြားရပြီဆိုရင် အန္တရာယ်များတဲ့ လူ ဒါမှမဟုတ် စာရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့နေရာပေါ်မူတည်ပြီး
ကံဆိုးခြင်းနိမိတ် ကံကောင်းခြင်းနိမိတ်ကိုခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်ထားကြပါတယ်။
ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ် နီပေါစတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးသံနဲ့ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြပါတယ်။
အိမ်မြှောင်မှာ မျက်လုံးရှင်ရှိတဲ့အတွက် နတ်ဒေဝါတွေလာတာကို မြင်နိုင်သိနိုင်တာကြောင့် အိမ်မြှောင်စုတ်ထိုးသံဟာ
လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတဖြစ်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောကြားထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံအချို့မှာ သတ်မှတ်ထားသလိုပဲ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးရာအရပ်ကိုမူတည်ပြီး ကောင်းခြင်းဆိုးခြင်းနိမိတ်ကို သတ်မှတ်ထားကြပါတယ်။
ဒီအကြောင်းလေးကို ပရိသတ်ကြီးဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
အရှေ့အရပ်မှ အိမ်မြောင်စုတ်ထိုးရင်
ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်ကိန်းရှိပြီး
အနောက်အရပ် မှ စုတ်ထိုးလျှင်
သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မယ်လို့ ဆိုကြပါတယ်။
တောင်အရပ်မှစုတ်ထိုးရင် ခြေနှစ်ချောင်းဝင်စရာရှိပြီး မြောက်အရပ်မှ စုတ်ထိုးရင်တော့ ချီးမြှောက်ခံရမယ်လို့ဆိုကြပါတယ်။
ဦးခေါင်း တည့်တည့်အပေါ်မှ အိမ်မြောင်စုတ်ထိုးသံကြားရရင်တော့
ရာထူးလာဘ်လာဘ ဒီရေအလားတိုးတက်မယ်လို့ သိရပါတယ်။
အိမ်ရှိ မီးဖိုချောင်မှာ နေဝင်ချိန် အိမ်မြောင်စုတ်ထိုးသံကြားရရင်တော့
ဒါစားသောက်ဖွယ်ရာ ပစ္စည်းများ ပေါများ ပြည့်လျံမယ့်နမိတ်ဖြစ်ပါတယ်။
အိမ်ရှေ့ခန်းမှာ စုတ်ထိုးတဲ့အခါ မင်းစိုးရာဇာကိစ္စနဲ့ စကားများတတ်ပြီး
အိမ်လယ်ခန်းကစုတ်ထိုးတဲ့အခါ သားသမီးကိစ္စဘစကားပြောတတ်တယ်လို့ သိရပါတယ်။
အိမ်ခန်းထဲက ထိုးတဲ့အခါ လင်မယားစကားများရန်ဖြစ်တတ်တယ်လို့ဆိုကြပါတယ်။
အချို့အိမ်မြှောင်စုတ်ထိုးသံကို ၂ရက် ၃ရက်မှတစ်ကြိမ်ကြားရပြီဆိုရင်တော့
“ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟုမေတ္တာ ပို့ပေးသင့်တယ်လို့ သိရပါတယ်။
တစ်နေ့တည်း လေးငါးကြိမ်မက အခါခါစုတ်ထိုးရင်တော့
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ကိစ္စ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စ စိုးရိမ်ရတတ်တယ်လို့ အယူရှိကြပါတယ်။
ရွှေရောင်လမ်း
Writer – LLA