
ပရိသတ်ကြီးရေ.. ဟာသဇာတ်ရုပ်တွေနဲ့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေနဲ့ နေရာတစ်ခုကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်ကတော့ အကယ်ဒမီသရုပ်ဆောင် ဗေလုဝပဲ ဖြစ်ပါတယ်နော်..။
အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအပြင် ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း “ဤအရာသည် အချစ်ဟု ခေါ်သလား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ထားသူပဲ ဖြစ်ပါတယ်..။
ဒီနေ့မှာတော့ လွင်မိုးက ဦးဗေလုဝသေပြီဆိုတဲ့ သတင်းကိုတင်ခဲ့တာပဲဖြစ်ပါတယ်။ ဦးဗေလုဝသေပြီဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့သွားခဲ့တာပဲဖြစ်ပါတယ်။ လွင်မိုးက ဦးဗေလုဝကွယ်လွန်တာမဟုတ်ကြောင်း သတင်းမှားယွင်းတာသာဖြစ်ကြောင်း ပရိသတ်ကို တောင်းပန်လာခဲ့ပါတယ်။ ဦးဗေလုဝကတော့ ကျန်းမာစွာ ရှိနေသေးတာပဲဖြစ်ပါတယ်။
ဒီလိုမှားယွင်းမှုကိုတော့ လွင်မိုးက “ကိုဗေလုဝ…
သတင်း..မှားယွင်းနေပါ၍တောင်းပန်ပါသည်..
တခြားဘာရည်ရွယ်ချက်မှမရှိပါ” လို့ ပြန်လည်တောင်းပန်လာခဲ့တာပါ
ဦးဗေလုဝကတော့ Live ထဲမှာ ကျန်းကျန်းမာမာနဲ့ရှိနေတာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်
Writer – Magic (Shwe Yaung Myanmar)