ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ရဲ့ အိမ်ထောင်ရေးကို ကြားကနေဝင်နှောက်ယှက်ခဲ့တဲ့ မင်းသမီးကိုပြင်းထန်စွာသတိပေးခဲ့တဲ့ ဂျွန်လွင်

မင်းသားချောလေး စွမ်းဇာနည်ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ ဆိုရလောက်အောင်ကို မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတာ ဖြစ်ပါတယ် ။ စွမ်းဇာနည်က ဇာတ်သဘင်လောကမှာ အောင်မြင်နေတဲ့ဇာတ်မင်းသားတစ်ဦးဖြစ်ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်သူ ဖြစ်ပါတယ် ။



စွမ်းဇာနည်က ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေ အများအပြားရိုက်ကူးပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ စွမ်းဇာနည်က သိန်း (၇၀၀)ကျော်ဖိုးလောက် မန်နေဂျာက ခိုးတာခံလိုက်ရကြောင်းပရိသတ်ကြီးကို ပြောပြလာခဲ့ပါတယ်။



စွမ်းဇာနည်က “”အရင်တုန်းက သိန်း (၃၀၀) ကနေ (၅၀၀) တန်လောက် အထိတန်တဲ့ စိန်နားကပ်တွေ ဝတ်ဖူးတယ်။ အခုတော့ မရှိတော့ဘူး.. အခိုးခံရလို့ ကုန်ပြီ။ မင်းသား မန်နေဂျာ/ ကိုယ့် မန်နေဂျာ က လက်ဝတ်ရတနာတွေ ၊ ပိုက်ဆံတွေရော၊ တန်ဖိုးကြီးတာတွေ အကုန် ခိုးသွားတယ်။ စုစုပေါင်း သိန်း (၇၀၀) ကျော်ဖိုးလောက် ပါသွားတယ်” လို့ ပြောလာခဲ့တာပါ



“သူကကိုယ့်အတွင်းလူဆိုတော့ မီးခံသေတ္တာထဲမှာ သိန်း ၅၀၀ ထားထားရင် သူကတစ်ရာလောက်ပဲခိုးတာ မသိမသာ မသိမသာ လေးလျော့လျော့သွားတာ တဘရိတ်တည်း တခါတည်း ခိုးသွားတာမဟုတ်ဘူး သူ့ကိုဖမ်းတာ ၄ နာရီကျော် ၅ နာရီကတည်းကဖမ်းလိုက်တာ ည ၁၂ နာရီမှမိတယ်”



“သူ့ကို ၁၄ ရက် (ရမန်ကြီး ၂ ပတ်)ပေါ့ ယူပြီးတော့ စစ်တာ လုံးဝ ဘူးခံငြင်းနေလို့ နောက်ဆုံး လွှတ်ပေးလိုက်ရတယ် ဒါပေမယ့် နောက်ကျ ကျွန်တော်နေတဲ့ Star City က CCTV ကို ကြည့်တော့မှ သေချာသွားတာ အခုတော့ ဖမ်းဝရမ်းထွက်နေပါပြီ တောင်ကြီးမှာလိုလို တာချီလိတ်မှာလိုလိုတော့ ကြားတယ် ကိုယ်ညံ့လို့ ကိုယ်ခံရတယ်ပဲမှတ်ပါတယ်” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်



စွမ်းဇာနည်ကတော့ အတွင်းလူလက်ချက်ကြောင့် သိန်းရာကျော်တန် စိန်တွေနဲ့ နာရီတွေအကုန် အခိုးခံခဲ့ရတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှူပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)