ပြိုင်ပွဲတွေအကုန်လုံးကပေးချင်တဲ့လူပေးနေကြတာဖြစ်လို့ အကုန်လုံးကလုပ်ပွဲတွေချည်းပဲလို့ ဒဲ့ပြောလာတဲ့ ခြူးစစ်ဟန်

ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တတ်မြောက်ထားသူတစ်ယောက်ပါ။



ယခုရက်ပိုင်းမှာတော့ ခြူးစစ်ဟန်က ပြိုင်ပွဲတွေအားလုံးက လုပ်ပွဲတွေဖြစ်လို့ ဘယ်ပြိုင်ပွဲမှအထင်မကြီးဘူးလို့ထိထိမိမိဝေဖန်လာခဲ့တာဖြစ်ပါတယ်



ခြူးစစ်ဟန်က ပြိုင်ပွဲတေ အကုန်လုံး ဘယ်ပြိုင်ပွဲမှ ကိုအထင်မကြီးတော့တာ အားလုံးက လုပ်ပွဲတေကြီးပဲ 🤪vote နဲ့လဲမဆိုင်ဘူး အားလုံးက သူတို့လက်ထဲမှာပဲ သူတို့ပေးချင်တဲ့သူလျှောက်ပေးနေတာ 😃😃ဒိုင်တေကလဲ ရုပ်ပြပဲ ကျောက်ရုပ်လိုပဲ သူတို့လဲ ဘာမှမတက်နိုင်ကြဘူး 😪😪



စီးပွား ရေးက စီးပွားရေးပါပဲ တကယ်အရည်ချင်းရှိတဲ့ သူတွေရေ ဘာပြိုင်ပွဲမှမပြိုင်ကြပါနဲ့ စိတ်ကောလူကောပင်ပန်းပီး အဖြည့်ခံဘဝတွေနဲ့ အားဖြည့်အချိုရည်တွေဖြစ်နေပါ့မယ် ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ပါဘူးရှင် အကောင်းဆုံးကြိုးစားကြပါလို့ပဲ အားပေးချင်ပါတယ် 😇😇



( အဲ့လိုပြောရင် လာဆဲကြအုန်းမယ် ကျွန်မကလဲပြောမိပြန်ပီ 😪😪 မနေနိုင် ပဲ အမှန်တရားကနဲနဲတော့ခါးတယ် အမှန်ပြောတော့လူမုန်းများကြတယ် 🥴🥴 )” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်



ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲတွေအကုန်လုံးကပေးချင်တဲ့လူပေးနေကြတာဖြစ်လို့ အကုန်လုံးကလုပ်ပွဲတွေချည်းပဲလို့ ဒဲ့ပြောလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း ပြောခဲ့ကြပါအုန်းနော်

Writer – Magic(Shwe Yaung Myanmar)