
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် ဌက်ပျောကြော်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဌက်ပျောကြော် ဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုလည်း ပရိသတ်တွေသာမကဘဲ အနုပညာသမားအချင်းချင်းကပါ သဘောတွေ ကျနေကြတာလည်း ဖြစ်ပါတယ်။ယခုရက်ပိုင်းမှာတော့ ဟာသလူရွှင်တော်ကြီး ဦးဗေလုဝဆုံးပါးသွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့် လူအများစိတ်ပူပန်ခဲ့ရပြီး ဒီသတင်းကို စတင်ခဲ့တဲ့ လွင်မိုးကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်
ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ငှက်ပျောကြော်က “ဦးဗေလုဝ ဆုံးပါးသွားခဲ့ပြီ ဆိုတဲ့ သတင်းတုရဲ့ အဓိကတရားခံကို ပြောပြလာခဲ့တာဖြစ်ပါတယ်
“မောင်မိုး က ကျနော့် ဆီက သတင်းကြားပြီး ဦးဗေ ဆုံးပြီး လို့ တင်လိုက်မိတာပါ။ ဒီသတင်း အမှား အတွက် ကျနော် တောင်းပန် ပါတယ်။ ကျောင်းက သူငယ်ချင်း တစ်ယောက်က ဗေကြီး ဆုံးသွားပြီ ဆိုပြီး ဖုန်းဆက်ပြောခဲ့တယ်။ သူငယ်ချင်း က ဒီသတင်း သေချာတယ် ဆိုတော့ သူ့ကို ယုံလိုက်မိတယ်။ ကိုယ့်ကြောင့် မောင်မိုး က ပြန်တောင်းပန်ရတဲ့ သဘောမျိုး ဖြစ်သွားရတယ်” လို့ ပြောလာခဲ့တာဖြစ်ပါတယ်
“တကယ်ကတော့ ကျွန်တော်အဆဲခံရမှာပေါ့နော် ကျွန်တော်ကသူငယ်ချင်းပြောတာကို သေချာ မမေးမြန်းပဲနဲ့ မောင်မိုး ကိုပြောလိုက်တာဆိုတော့လေ ဒါပေမယ့် မောင်မိုးက သူ့ဘာသာသူပဲ မှားတင်မိတဲ့အတွက် တောင်းပန်သွားခဲ့တယ် တကယ်က ကျွန်တော့မှာ အပြစ်ရှိတာပါ လို့ ငှက်ပျောကြော်က ဆက်လက်ပြောကြားသွားခဲ့တာဖြစ်ပါတယ်
ငှက်ပျော်ကြော်ကတော့ သူ့ရဲ့ သတင်းပေးမှုကြောင့် လွင်မိုး အဆဲခံခဲ့ရတဲ့အတွက် ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်နော် အဆုံးထိဖတ်ရှုပေးခဲဲ့ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်
Writer -Magic(Shwe Yaung Myanmar)