ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် လူရွှင်တော် ဦးဧရာ

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် ဧရာကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါ

(၂၀၂၀)ခုနှစ်တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရတာဖြစ်ပါတယ်။အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။ ဒီနေ့မှာလဲ ဦးဧရာဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။


ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူရွှင်တော် (ဦး)ဧရာဟာ ယနေ့မနက် ၃နာရီ၃၉မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ရောဂါအခံရှိတဲ့အတွက် ကိုဗစ်ရောဂါ ကိုမတွန်းလှန်နိုင်တော့ပါဘူး။


ကွယ်လွန်သူ လူရွှင်တော် (ဦး)ဧရာအတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပြီး ကောင်းရာသုဂတိလားပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။