
ဟာသလူရွှင်တော်ဖြစ်ရုံသာမကဘဲ သရုပ်ဆောင်အနေနဲ့ပါ နှစ်ပေါင်းအတော်ကြာ ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို များစွာရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးဒိန်းဟာပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်လွန်းတာကြောင့် ပရိသတ်တွေပါ လက်ဖျားခါချီးကျူးနေကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူရွှင်တော်တွေအတွက်စံပြပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တဲ့ ဦဧရာတစ်ယောက် ကိုဗစ်ရောဂါနဲ့ဆုံးပါးသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့်ဦးဒိန်းဒေါင်တစ်ယောက်လည်း ဖြည်မဆည်နိုင်အောင်၀မ်းနည်းပူဆွေးနေတာပါ….။
မကြာသေးမီကတော့ ဦးဒိန်းဒေါင်ဟာသူ့ရဲ့ Facebookစာမျက်နှာမှာ လူရွှင်တော်အသင်းရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့၀မ်းနည်းဖွယ်စာလေးရေးလာခဲ့ပါတယ်။ “သို့…..ဦးဧရာဒီစာကိုမဖတ်နိုင်းမှန်းသိပေမဲ့ကျွန်တော်ရေးလိုက်ပါတယ်….လူရွှင်တော်တွေလူတန်းစေ့နေနိုင်အောင် တိုက်နဲ့ကားနဲ့နေနိုင်အောင် လူရွှင်တော်တွေနေရာရအောင်…ကိုယ်ကြိုးမဖက်အနစ်နာခံပြီးတိုက်ပွဲဝင်ပေးခဲ့တဲ့အတွက်လူရွှင်တော်တစ်ချို့ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။
လူရွှင်တော်တစ်ချို့လို့သုံးလိုက်လို့ဦးဧရာတမျိုးမထင်ပါနဲ့နော်???တစ်ချို့ကတစ်ချို့မို့လို့ပါ????????????ဘာပဲဖြစ်ဖြစ်ပါကျွန်တော်အပါအဝင်လူရွှင်တော်တစ်ချို့ကတော့ဦးဧရာကိုလူရွှင်တော်လောကရဲ့ဘုရင်အဖြစ်ဂုဏ်ပြုသတ်မှတ်လိုက်ပါတယ်ကျွန်တော်သေတမ်းစာမဖတ်ဘူး?ဘာလို့လဲသိလားလူရွှင်တော်အသင်းတည်တံ့သ၍ဦးဧရာနံမည်ကိုမမေ့ချင်လို့ပါ ဒိန်းဒေါင်လူရွှင်တော်အသင်း(ဥက္ကဌ)ရန်ကုန်” ဆိုပြီးရေးသားလာခဲ့တာဖြစ်ပါတယ်။
ဦးဒိန်းဒေါင်ကတော့ ကိုဗစ်ရောဂါနဲ့ဆုံးပါးသွားခဲ့တဲ့ဦးဧရာအတွက် လူရွှင်တော်အသင်းဥက္ကဌတစ်ယောက်အနေနဲ့ ၀မ်းနည်းဖွယ်စာလေးရေးလာခဲ့တာပဲဖြစ်ပါတယ်နော် ဦးဧရာတစ်ယောက် ကောင်းရာသုဂတိလားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)