ဦးဧရာ ရဲ့နာရေး သတင်းကို ကြားသိ သိရချင်းမှာ စိတ်မကောင်းဖြစ်ကာကြေကွဲခဲ့ရပြီး သူ့ရဲ့ခံစားချက်တွေကို ရေးသားပြောပြလာတဲ့ ဖြိုးငွေစိုး

(၂၀၂၀)ခုနှစ်တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရတာဖြစ်ပါတယ်။အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။ ဒီနေ့မှာလဲ ဦးဧရာဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။


ဒီလိုကွယ်လွန်သွားခဲ့တာနဲ့ပတ်သတ်ပြီး မင်းသားချော ဖြိုးငွေစိုးတစ်ယောက်လည်း ဖြည်မဆည်နိုင်အောင်၀မ်းနည်းပူဆွေးနေတာပါ….။


ဖြိုးငွေစိုးက “ဦးဧရာ….အမှတ်တရတွေများစွာရှိခဲ့ပါတယ်နောက်ဘဝဆိုတာသာရှိခဲ့မယ်ဆိုရင် ကျွန်တော်သိတဲ့ ဦးလေးကထိပ်ကြီးပြောင်ပြီး ရယ်စရာတွေပြောတဲ့ လူရွှင်တော်ကြီး ထပ်နေဖြစ်မှာပါ ဦးလေးပြောခဲ့သလိုပေါ့ (မြင်သမျှအရာရာဟာသပါကွာ ဒါတွေကဖြစ်နေကြပါ) ဒါပေမဲ့ဒီတခါဟာသမဖြစ်ဘူးဗျာ ” ဆိုပြီး သူ့ရဲ့Facebook Account မှာ ရေးသားထားတာပဲ ဖြစ်ပါတယ် ။


ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးငွေစိုးရဲ့စာလေးနဲ့အတူ ဦးဧရာရဲ့ပုံရိပ်တွေကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ဦးဧရာတစ်ယောက် အမြန်ဆုံး ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)