
ကြည့်ရှုနေကြတဲ့ ရွှေရောင်လမ်း ပရိတ်သတ်များ မဂ်လာပါ
ပျောက်ဆုံးနေတဲ့ရတနာသိုက်တွေအကြောင်းကို ကျွန်တော်တို့ ပုံပြင်တွေ ဒဏာရီတွေထဲမှာပဲ ကြားဖူးကြတာပါ။
ရတနာသိုက် အမျိုးမျိုးရှိတဲ့အနက် ရှေးခေတ်ဘုရင်တွေရဲ့ ရတနာသိုက်တွေ
တစ်ချိန်က နန်းစိုက်ခဲ့တဲ့မြို့ဟောင်းတွေကိုပြန်လည်တူးဖော်ရင်း အစုလိုက်အပြုံလိုက်တွေ့ရှိတဲ့ရတနာတိုက်တွေ
ကမ္ဘာ့စစ်ပွဲကြီးတွေ ဖြစ်ပွားနေဆဲကာလမှာ တစ်နိုင်ငံရဲ့သယံဇာတတွေကို တစ်နိုင်ငံကသိမ်းယူရင်း သယ်ယူပို့ဆောင်ရာမှာ ကျပျောက်ခဲ့တဲ့ ရတနာတွေ
သင်္ဘောကြီးတွေနစ်မြုပ်ခဲ့ပြီးနောက် ပင်လယ်သမုဒ္ဒရာအောက်မှာ အိပ်စက်နေတဲ့များပြားလှစွာသောရတနာတွေရယ်လို့ အမျိုးမျိုးရှိကြပါတယ်။
ရတနာသိုက်ဆိုတဲ့ဝေါဟာရကို ဒဏာရီလို့ပဲတွေးတဲ့လူတွေရှိသလို
သဲကြီးမဲကြီးလိုက်လံရှာဖွေနေကြတဲ့ ရတနာလိုက်မုဆိုးတွေလည်းရှိကြပါတယ်။
ကြားဖူးနားဝပဲရှိတဲ့ ဒီရတနာတွေဟာ “တကယ်ရော တည်ရှိနေရဲ့လား ရှာတွေ့တဲ့လူတွေရောရှိရဲ့လား”ဆိုပြီး ဝေခွဲမရဖြစ်နေတဲ့ ပရိသတ်တွေ အတွက်
ဒီတစ်ခေါက်မှာတော့ ရတနာသိုက်တွေကို တကယ်ရှာဖွေတွေ့ရှိသူတွေရဲ့အကြောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
ပထမဦးဆုံးဖော်ပြပေးချင်တာတော့ ဒေါ်လာ ၃.၂ မီလီယံတန်ကြေးရှိတဲ့ရတနာတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ Cuerdale ရတနာတိုက်အကြောင်းပဲဖြစ်ပါတယ်။
ဒီရတနာတွေကိုတော့ အင်္ဂလန်နိုင်ငံ Cuerdale မြို့ရဲ့မြစ်နံဘေးမှာ
ရေလှောင်တမံပြန်လည်ပြုပြင်ဖို့တူးဖော်နေကြတဲ့ အလုပ်သမားတွေက ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
အလုပ်သမားတွေဟာ ရေလှောင်တမံပြုပြင်ဖို့ တူးဖော်ရင်းနဲ့ ခဲ သေတ္တာတစ်လုံးကိုရှာတွေ့ခဲ့ကြပါတယ်။
မှတ်တမ်းများအရတော့ ထိုသေတ္တာထဲမှာ ရတနာပစ္စည်းပေါင်း ၈၆၀၀ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ၁၈၄၀ခုနှစ်ရဲ့ရတနာရှာတွေ့မှုတွေထဲမှာ အကြီးမားဆုံးတွေ့ရှိမှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ထိုရတနာတွေထဲမှာ ငွေဒင်္ဂါးပြားတွေ ကျောက်မျက်ရတနာတွေ လက်ဝတ်ရတနာမျိုးစုံနဲ့ ငွေတုံးတွေရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။
ဒီရတနာတွေကိုတော့ ဗြိတိန်အမျိုးသားပြတိုက်မှာ ပြသထားတယ်လို့သိရပါတယ်။
ဒုတိယတစ်ခုကတော့ ဒေါ်လာ ၁၂၀မီလီယံတန်ဖိုးရှိတဲ့ ŚRODA ရတနာတွေအကြောင်းပဲဖြစ်ပါတယ်။
ဒီရတနာတွေကိုတော့ Środa Śląskaက အဆောက်အဦးတစ်ခုကို ပြန်လည်ပြုပြင်ရင်းနဲ့ အဆောက်အဦးရဲ့အောက်မှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
ထိုအဆောက်အဦးကို တူးဖော်ရင်း ၁၄ရာစုက ငွေဒင်္ဂါး ၃၀၀၀ကိုရှာတွေ့ခဲ့ရုံသာမက
ဒီဒင်္ဂါးတွေရှာမတွေ့ခင်ကလည်း အနီးအနားက အဆောက်အဦးတစ်ခုမှာ ရွှေ ငွေ ကျောက်သံပတ္တမြားတွေအပြင် ရွှေသရဖူနဲ့ နဂါးဦးခေါင်းသဏာန် လက်စွပ်တွေကိုလည်း တူးဖော်ရရှိဖူးပါတယ်။
နောက်ထပ်ရှာတွေ့ခဲ့တဲ့ ရတနာတွေကတော့ ဒေါ်လာ ၄.၁ မီလီယံတန်ကြေးရှိတဲ့ Staffordshire ကရတနာတွေပဲဖြစ်ပါတယ်။
ဒီရတနာတွေကို Terry Herbertဆိုသူက 2009 ခုနှစ်မှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီရတနာတွေဟာ အမျိုးအစားပေါင်း ၃၅၀၀ရှိတယ်လို့သိရပြီး စစ်တပ်နဲ့ဆိုင်တဲ့ရတနာတွေလည်းပါဝင်တယ်လို့သိရပါတယ်။
ရတနာတွေဟာ ၈ ရာစုက ရတနာတွေဖြစ်မယ်လို့ခန့်မှန်းရပြီး စစ်လက်နတ်ပစ္စည်းတွေအပါအဝင်
ဘာသာမျိုးစုံရဲ့ရုပ်ထုတွေလည်းပါဝင်တယ်လို့ဆိုထားပါတယ်။
နောက်ဆုံးအနေနဲ့ ကမ္ဘာ့အကြီးဆုံး ရတနာရှာတွေ့မှုလို့မှတ်တမ်းတင်ထားတဲ့ Sree Padmanabhaswamy ဘုရားကျောင်းက ရတနာရှာတွေ့မှုကို တင်ဆက်ပေးချင်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ Sree Padmanabhaswamy အမည်ရတဲ့ ဘုရားကျောင်းမှာလည်း ရတနာတွေအများကြီးရှာတွေ့ခဲ့ပါတယ်။
ဒီရတနာတွေဟာ တော်ဝင်မိသားစုက ဘုရားကျောင်းကိုလှူဒါန်းထားတာ ဖြစ်မယ်လို့ ယူဆကြပြီး
မြွေနဂါးပုံစည်းခတ်ထားတဲ့တံခါးရဲ့နောက်ကွယ်မှာ ရွှေဒင်္ဂါးပြားတွေအပြင် ရွှေစင်ရုပ်ထုတွေကိုပါ တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
ဒီရတနာတွေရဲ့ တန်ကြေးကတော့ 22 billion US dollar ရှိတယ်လို့ ဆိုထားပါတယ်။
အခုဆိုရင်တော့ ကမ္ဘာပေါ်က သိန်းထောင်ချီတန်ရတနာတိုက်ရှာတွေ့မှုတွေအကြောင်းကို ပရိသတ်ကြီးလည်း တီးခေါက်မိလောက်ပြီထင်ပါတယ်။
ရွှေရောင်လမ်း
Writer – LLA