နေမကောင်းတဲ့ကြားထဲကနေ ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ဆန္ဒတွေပြင်းပြနေတဲ့ ဧရာရဲ့အကြောင်း ဖွင့်ဟပြောပြလာတဲ့ ကိုပေါက်

(၂၀၂၀)ခုနှစ်တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရတာဖြစ်ပါတယ်။အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။ ဒီနေ့မှာလဲ ဦးဧရာဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဧရာကတော့ ကွယ်လွန်သွားချိန်မှာ အသက် (၆၁) နှစ်ရှိနေပြီဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ အနုပညာအလုပ်တွေအပေါ် စွဲလန်းသွားရှာသူတစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံကျော်ဒါရိုက်တာ သရုပ်ဆောင် ကိုပေါက်က နေမကောင်းတဲ့ကြားထဲကနေ ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ဆန္ဒတွေပြင်းပြနေတဲ့ ဧရာရဲ့အကြောင်း ဖွင့်ဟပြောပြလာခဲ့တာကို တွေ့ရပါတယ်။

““ကြွေပြန်ပြီပေါ့နောက်ကြယ် တစ်ပွင့်” ကိုဧရာရိုက်စေချင်လို့ပေးထားတဲ့ ဇာတ်တစ်ပုဒ် ကျွန်တော်ရိုက်ပေးဖို့ကျန်နေသေးတယ်လေ။ ကိုပေါက်ရိုက်မယ်လေ ခေါ်ဦးလေ ကျန်းမာရေးကောင်းသွားပြီဆိုလို့ နောက်ရိုက်မယ့် ဇာတ်တစ်ခုမှာ အစ်ကို့က်ို ထည့်ထားတယ်လေ…. အခုတော့ ……….ဗျာ… အားလုံးကိုပျော်စေခဲ့တဲ့ ကိုဧရာ ကောင်ရာသုဂတိလားပါစေ🙏🙏🙏😭😭😭😭” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ကိုပေါက်ကတော့ ဧရာရဲ့ ဇာတ်တစ်ပုဒ်ကို မရိုက်ကူးပေးလိုက်နိုင်တဲ့အပြင် သူကိုယ်တိုင် ဧရာအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း မရိုက်ကူးပေးလိုက်နိုင်တာ ဖြစ်ပါတယ်။ ဧရာတစ်ယောက် နောက်ဘဝမှာလည်း ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်