ဦးမန်းဝင်း ရဲ့ နာရေးတုန်းက ပြောသွားတဲ့ ဦးဧရာရဲ့ အံ့ဩစရာ စကားတစ်ခွန်းကို ပြန်ပြောပြလာတဲ့ ဟေမာမန်းဝင်း

(၂၀၂၀)ခုနှစ်တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရတာဖြစ်ပါတယ်။အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။ ယမန်နေ့က ဦးဧရာဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။


ဧရာကတော့ ကွယ်လွန်သွားချိန်မှာ အသက် (၆၁) နှစ်ရှိနေပြီဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ အနုပညာအလုပ်တွေအပေါ် စွဲလန်းသွားရှာသူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကရဲ့ ဝါရင့်အနုပညာကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားတဲ့အတွက် အနုပညာရှင်တွေရော ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲနေခဲ့ကြပြီး ကောင်းရာသုဂတိလားစေဖို့ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် တောင်းဆုတွေခြွေပေးထားကြပါသေးတယ်။


ဦးမန်းဝင်းရဲ့သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း ဦးမန်းဝင်းရဲ့ နာရေးကို လာခဲ့စဉ်က ဦးဧရာပြောခဲ့တဲ့စကားလေးတစ်ခွန်းကို ပြန်လည်ပြောပြပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြလာခဲ့ပါတယ်။


“အဖေရဲ့နောက်ဆုံးခရီးကိုသူကိုယ်တိုင်ပို့ပေးခဲ့တယ်။ သွားနှင့်ဦး ဦးမန်းရေကျွန်တော်လည်းသိပ်မကြာခင်လိုက်ခဲ့မယ်တဲ့။ တကယ်ကြိုသိနေသလိုဘဲစိတ်ထဲမှာခံစားရတယ်ဦဧရာကြီးကောင်းရာဘုံဘဝသို့ရောက်ပါစေ” ဆိုပြီး ပြောပြလာခဲ့တာပါ။


ဦးဧရာကတော့ သူ့ရဲ့နောက်ဆုံးအချိန်ကို ကြိုသိနေတဲ့အလား ဦးမန်းဝင်းရဲ့ နာရေးမှာ ပြောသွားခဲ့တာပဲဖြစ်ပါတယ်နော် ဦးဧရာတစ်ယောက် နောက်ဘဝမှာလည်း ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)