အဖေဖုန်းဆက်ရင် သားဖုန်းကိုင်စေချင်တယ်လို့ ပြောလာတဲ့ သရုပ်ဆောင်မြင့်မြတ်ရဲ့ ဖခင် ဦးမြင့်ကျော်

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။


မြင့်မြတ်ကတော့ မိသားစုတွေကို ပရိတ်ရှေ့ချပြတာနည်းပါးလှပါတယ်။ မြင့်မြတ်ရဲ့ ဖခင် ယခုအချိန်မှာ Taxi မောင်းနေရပြီး ဖုန်းဆက်တဲ့အချိန်မှာ သားကိုဖုန်းကိုင်စေချင်တဲ့အကြောင်းလေးပြောပြလာပါတယ်။


မြင့်မြတ်ရဲ့ အဖေ ဦးမြင့်ကျော်က “အခုလောလောဆယ် စားဖို့ အတွက် နဲ့ လစဉ်သွင်းရမယ့် ငွေလေးတွေ ရှိနေတာကြောင့် လိုအပ်ချက် အရ မဖြစ်မနေ Taxi ကား မောင်းဖြစ်နေတာပါ။ ကိုယ့်ဘ၀ ကို ရုန်းကန်နေတာပါ။ သား လုပ်တဲ့ သူက မိသားစု အပေါ်မှာ သိတတ်ပါတယ်။ အင်မတန်လည်း တော်တယ်။


Taxi မောင်းတယ် ဆိုပေမယ့် ကိုယ့်သား ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး မောင်းပါတယ်။ ဦးကြောင့် သား စိတ်အနှောက်အယှက် ဖြစ်စေမယ့် အလုပ်မျိုးတွေကို ရှောင်တယ်။ သားကို များများတော့ မပြောချင်ပါဘူး.. အဖေ ဖုန်းဆက်ရင် သား ကိုင်စေချင်တယ်” လို့ ပြောလာခဲ့ပါတယ်။

မြင့်မြတ်ရဲ့ဖခင်ကတော့ သားဖြစ်သူကို လွမ်းဆွတ်နေခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ မြင့်မြတ်တို့ သားအဖ အမြန်ဆုံး အဆက်အသွယ် ရနိုင်ပါစေလို့ပဲဆုတောင်းလိုက်ပါတယ်နော်