ကပ်ရောဂါနဲ့ကွယ်လွန်သွားတဲ့ဦးဧရာကို ဖြိုးငွေစိုးကတဆင့် ကျန်ရစ်သူမိသားစုထံ ကူညီပေးခဲ့တယ်လို့ ဆိုလာတဲ့ နေရွှေသွေးအောင်

(၂၀၂၀)ခုနှစ်တစ်နှစ်လုံးကတော့ ကိုဗစ်ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရတာဖြစ်ပါတယ်။အနုပညာလောကက အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ရောဂါကြောင့် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်နော်။ ယမန်နေ့က ဦးဧရာဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဧရာကတော့ ကွယ်လွန်သွားချိန်မှာ အသက် (၆၁) နှစ်ရှိနေပြီဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ အနုပညာအလုပ်တွေအပေါ် စွဲလန်းသွားရှာသူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကရဲ့ ဝါရင့်အနုပညာကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားတဲ့အတွက် အနုပညာရှင်တွေရော ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲနေခဲ့ကြပြီး ကောင်းရာသုဂတိလားစေဖို့ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် တောင်းဆုတွေခြွေပေးထားကြပါသေးတယ်။


နေရွှေသွေးအောင်အနေနဲ့ကလည်း လူရွှင်တော်ကြီးဦးဧရာအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းနေတာကြောင့် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးလိုက်တာ ဖြစ်ပါတယ် ။ နေရွှေသွေးအောင်က သရုပ်ဆောင်မင်းသား ဖြိုးငွေစိုးရဲ့အကူအညီကိုရယူပြီး နာရေးကူငွေကို ကျန်ရစ်တဲ့မိသားစုထံ ပေးအပ်စေခဲ့တာ ဖြစ်ပါတယ် ။


နေရွှေသွေးအောင်က “ပြည်သူချစ်သော ဟာသသရုပ်ဆောင်ဦးဧရာ Covid ရောဂါဖြင့်ကွယ်လွန်သွားသည့်အတွက် မိသားစုနှင်ထပ်တူဝမ်းနည်းရပါသည်။ ကိုဖြိုးငွေစိုးထံမှတစ်ဆင့်လည်း ကျစ်ရစ်သူမိသားစုထံကူညီထောက်ပံ့ခဲ့ပါသည်။အန်ကယ်ဦးဧရာ ကောင်းရာသုဂတိလားပါစေ ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။


မနေ့ကပဲ ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဧရာအတွက် နေရွှေသွေးအောင်ကူညီတဲ့ ထောက်ပံ့ငွေကို ကျန်ရစ်သူမိသားစုထံ သွားရောက်ပေးအပ်ခဲ့တဲ့ ဖြိုးငွေစိုးရဲ့ပုံရိပ်ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Writer – Magic(Shwe Yaung Myanmar)