လင်မယားနှစ်ယောက်လုံး ကိုဗစ်၁၉ရောဂါပိုးကူးစက်ခံခဲ့ရပြီး ခံစားရတဲ့ ရောဂါဝေဒနာတွေကို ရင်ဖွင့်လာတဲ့ အောင်ရင်

အောင်ရင်ကတော့ ဂီတလောကမှာ အောင်မြင်နေတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တိုင် အခွေတွေလည်း အများကြီးထွက်ခဲ့ဖူးသလို သူ့ရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ချင်းစီတိုင်းကလည်း အောင်မြင်ခဲ့တာတွေအများကြီးပါ။ အောင်ရင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ယခုမှာ ကိုဗစ်၁၉ရောဂါပိုးကူးစက်ခံခဲ့ရပြီး ကူးစက်ခံရစဥ်ခံစားခဲ့ရတဲ့ဝေဒနာတွေကို ရင်ဖွင့်လာခဲ့ပါတယ်။


အောင်ရင်ကတော့ ” ဘိလပ်ကသားသားလေးဖြူရဲ့ ဖိုးဖိုးရင်နဲ့ဖွားဖွားမိုးလည်းခေတ်မှီသွားပြီ ပြီးခဲ့တဲ့ တနင်္ဂနွေ တနင်္လာ နေမကောင်းလို့ ကျနော်က ၁၅ ရက်နေ့ဒေါ်မိုးကလည်း ၁၇ ရက်နေ့ ဒီဇင်ဘာမှာ Covid swab test သွားလုပ်တာ Result ကတော့ ၂ ယောက်လုံး Positive ပါခင်ဗျာ၊ ဒီနေ့တော့ နေမကောင်းတာ တပါတ်ပြည့်ပြီးလို့ အတော် ထူထူထောင်ဖြစ်လာပါပြီ၊ အရင်တပါတ်မှာ Messenger ကနေဆက်သွယ်ကြတဲ့ သူငယ်ချင်းတွေကို တော်ကီပြန်မပွါးနိုင်လို့ missed call တွေအတွက်နားလည်ပေးပါဗျာ၊ဝေဒနာ ဘယ်လိုခံစားရလည်း မေးရင်တော့ ကျနော့်အနေနဲ့က ၂ ရက်အပျင်းဖျားတယ်


ချောင်းဆိုးတယ် ရင်ဘတ်တချိန်လုံးအောင့်တယ် ခေါင်းမူး အားနည်း မောသလိုနည်းနည်းဖြစ်တယ် သိပ်မလှုတ်နိုင်လို့ လှဲနေရတာများတယ် အိပ်မှာ အပေါ်ထပ်အောက်ထပ်ကို သိပ်မသွားနိုင်လို့ အပေါ်ထပ် အိပ်ခန်းထဲမှာအနေများတယ် တချက်တချက် သက်သာပြီလား ထင်နေတုန်း ကိုယ်တွေလက်တွေပြန်ကိုက်ပြီး ဖျားချင်လာလို့ စောင်ခြုံပြီး ပြန်ကွေးနေရတယ်၊ ဒေါ်မိုးကတော့ ကျနော်နဲ့မတူတဲ့ symptom က ရင်ဘတ်မအောင့်ဘူး တချိန်လုံးပျို့တယ် အန်ချင်တယ် ဖျားတာတောင်တရက်ပဲဖျားတယ်၊ ပြန်ထူထောင်လာတာလည်းမြန်တယ် “ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်ရေးသားထားခဲ့ပါတယ်။


အောင်ရင်ကတော့” ကျနော့်အနေနဲ့ တော့ဒီလိုဖြစ်စဉ်အပေါ်မှာ တချို့တွေ Covid ဖြစ်ပြီး အသက်တောင်သေရသေးတာ ငါဒီလောက်ပဲဖြစ်တာတော်သေးတယ်လို့ မှတ်ပါတယ်၊ တခြားသွားတာလာတာ မရှိပေမဲ့ ဈေးဝယ် ဘာဝယ် Mask တပ် လက်ဆေး လုပ်ပေမဲ့ မှတ်မှတ်ရရ 10th December တုန်းကတော့ ဈေးသွားဝယ်တာ Mask တပ်ပေမဲ့ hand sanitise မလုပ်ဖြစ်တာမှတ်မိတယ်၊ precaution မယူရင်ပိုဆိုးမယ်ထင်ပါတယ်၊ သတိထားနေရင်းတောင် ခုပြောင်းလာတဲ့ Covid New Strain ကကူးစက်မှုအရမ်းမြန်တယ် အားတော့သိပ်မပြင်းဘူးလို့ကြားဖူးတာ ဟုတ်မယ်ထင်တယ်၊ ဘိလပ်မှာကတော့ ဖြစ်ပြီဆို self isolate အိမ်မှာကိုယ်ဟာကိုနေကြ ကိုက်ခဲရင် Paracetamol သောက်ပေါ့

ကျနော်ကတော့ ဆိုးတဲ့နေ့တွေမှာ တပါတ်လုံး Paracetamol 2 လုံး ၄ ကြိမ်သောက်ပြီးကျော်ဖြတ်ခဲ့ပါတယ်၊ အသက်ရှူတာ အခက်အခဲရှိရင်တော့ ဆေးရုံသွားရမှာပါ၊ အဲ့လောက်မဖြစ်လို့တော်သေးဗျ။နေမကောင်းတဲ့အချိန်မှာ သူငယ်ချင်း မိတ်ဆွေများက စိတ်ဓါတ်မကျဖို့ အားတင်းထားဖို့ ပြောကြပါတယ်၊ UK မှာ ဒီလောက်တောင် တနေ့တနေ့ positive case များနေတာ တက်နေတာ ကျနော်တို့လည်း ဖြစ်နိုင်တယ် တွက်ချက်ပြင်ဆင်ထားလို့ အဆင်ပြေပါတယ်၊ မြန်မာပြည်မှာလို သူငယ်ချင်းအသိုင်းအဝိုင်း အများကြီးမရှိပေမဲ့ ဒီက ခင်ရဆွေမျိုးတွေက လိုအပ်မဖယ် ထင်တာတွေလာပို့ပေးကြလို့ ရင်ထဲကနေ ပြောမပြတတ်အောင်ကျေးဇူးတင်မိပါတယ်။ကျနော်တို့ဘိလပ်ရောက်ကတည်းက ယနေ့ထိ မိသားစုလို စောင့်လျှောက်တဲ့အကိုကြီး ဦးမြင့်ဇူ+အမကြည်လေးဒေါက်တာကျော်မင်းသူ+ဒေါက်တာစန္ဒာသားသမီးလိုချစ်ခင်ပြီးအမြဲအားကိုးနေရတဲ့ အောင်ရဲဝင်း+ဒေါက်တာပန်းအိနှင်းဆီရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခုတော့ တော်တော်လေးသက်သာလို့ သားသားလေးဖြူနဲ့အတူ သာသာယာယာရှိနေပါတယ်ခင်ဗျာ “ဆိုပြီးပြောပြလာခဲ့တာဖြစ်ပါတယ်